Mosquito Smile ခြင်ဆေးက ရီရတယ်

၁။ ဆရာ ဟိုတလောက ခြင်ပြေးအောင် B1 အားဆေး ညွှန်းလိုက်တာ မန္တလေးဆေးဆိုင် တော်တော်များများ ရောင်းကောင်းနေကြတယ်ဆရာ။ သူတို့ လည်းဘုမသိဘမသိနဲ့ အရင်ဒါမျိုးတစ်ခါမှမဖြစ်ဘူးလို့ လည်းပြောတယ်ဆရာ။ သေချာတာက ဆရာမိတ်တွေ တော်တော်များတာတွေ့လို့ ဝမ်းသာပီတိဖြစ်ပါတယ်။ အမှန်တကယ်လည်း ထိရောက်ပါတယ်ဆရာ။

၂။ ဆရာ့အောင်မြင်မှုမှတ်တိုင်လေးပါဆရာ။ တကယ့်ကို အဝယ်လိုက်တာဆရာ။ ကျေးဇူးလည်းတင်ပါတယ်။ ခြင်တကယ်မလာဘူးဆရာ။ ဆရာ သက်ရှည်ကျန်းမာ၊ အစစအရာရာ လမ်းညွှန်ပြသနိုင်ပါစေဆရာ။
အဲလိုလာတာတွေ ၄-၅-၁ဝ ခုလောက်ရပါတယ်။ အသိအမှတ်ပြုသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခြင်ပြေးအောင် ဗီတာမင်ဘီ-ဝမ်းသုံးတဲ့နည်းက ကျွန်တော့် (ပေးတင့်) မဟုတ်ပါ။ အသိပညာ၊ အတတ်ပညာတိုင်းမှာ မူလတီထွင်သူရှိသလို တချို့မှာ အမည်မသိစာဆို ဆိုတာလည်းရှိပါတယ်။ ကျွန်တော်က စာကိုမွမ်းမံမှုတော့လုပ်ပါတယ်။

ဘီ-ဝမ်း ဝယ်အားလည်းလိုက်၊ ဆေးဈေးပါ တက်သွားတာ စီးပွါးရေးသီအိုရီနဲ့ အံကိုက်ပဲ။ စီးပွါးဖြစ်အောင် ဆရာဝန်ကို အားကိုးပါဆိုတာ သီအိုရီအသစ်။ Smile!

အခုပြောတဲ့ခြင်ပြေးဆေးနည်းက အလကားပါလို့ပြောတဲ့သူတွေလည်းရှိတယ်။ ပြောတဲ့သူက လက်တွေ့မကျတာကို ပြောတာ မဟုတ်ပါ။ NLD ကို မလိုလူသူဖြစ်နေတယ်။ နိုင်ငံရေးမှာ အစာမကျေလို့ပြောတာ။ No Smile!

ဆေးသိပ္ပံပညာမှာ ဆေးနည်းအမျိုးမျိုးရှိတယ်။ ဆေးနည်းတွေကို ၁ဝဝ% အာမမခံနိုင်တာများတယ်။ လူအများကို အကျိုးပြုတာမှန်သမျှ လက်ခံရတယ်။ အနည်းအပါးဖြစ်ဖြစ် တယောက်တလေဖြစ်ဖြစ်မှာ ပျောက်ကင်းမှုမရှိလည်း ဆက်သုံးပါတယ်။ (ဘီ-ဝမ်း) ထက်ပြင်းအောင် (ဘီ-တူး) ကိုတော့မသုံးကြပါနဲ့။ ရမ်းကုဆရာက (ဗီတာမင် ဘီ-၁၂) ပါမလာလို့ (ဘီ-၆) ကို ၂ လုံးတွဲထိုးသတဲ့။ Smile!

မီဒီယာတခုက ဗီတာမင်ဘီ-၁ အကြောင်း စာတပုဒ်ရေးပေးပါတဲ့။ ဟုတ် လက်ခုပ်သံတွေကြားထဲမှာ ပြောင်းဖူးအူတိုင်လည်း ပါတယ်ဗျလို့ ပြောလိုက်ပါတယ်။ Smile again!

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၆
၁၅-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး