Utmost Respect ဘုရားစင်

• ပုလဲအိမ်က ဘုရားစင်မှာ ဆင်းတုတော် မရှိတော့ပါ၊
• ဆွမ်းပန်းရေချမ်း ကပ်လှူ၊ ဦးချမဲ့သူတွေ မရှိတော့ပါ၊
• ဘုရားစင် ဒါယကာနဲ့ဒါယိကာမ ထွက်ပြေးကြရှောင်ခွါ၊
• ဘုရားစင်အောက် အိပ်ခဲ့ကြတဲ့သားတွေလည်း အဝေးမှာ။

• ရောက်တဲ့နေရာတွေမှာ ဘုရားစင် အရင်လုပ်ရတာ၊
• အမြင့်တနေရာ သင့်တော်ရာရာ၊
• ရွှေပိန်းမချနိုင်ပါ၊ မြဆင်းတုတော်လဲ မပင့်နိုင်ပါ၊
• ဘယ်နေရာ ဘာလုပ်လုပ် သမုတ်ထားတဲ့အရာ၊
• ကြီးတာသေးတာမပါ၊ ကိုးကွယ်ဆည်းကပ်စရာ အထိမ်းအမှတ်သာ။

• ငါ့အထက်ဆုံးမှာ ဘုရားစင်ဟာ အဆုံးအမတည်ရာ၊
• ဘုရားစင်အောက်မှာ ဆုံးမသွန်သင်ပေးမဲ့အရာရာလဲရှိသေးပါ၊
• ငါ့အောက်မှာတော့ ကြမ်းခင်းသာ၊
• ကြမ်းခင်းမရှိတဲ့နေရာ မြက်ခင်းသာ၊
• ငါသည် အဆုံးအမမှန်သမျှ ခံယူချင်လျက်သာ။ ။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၇
ပုံ = ပုလဲအိမ်မှာကျန်ခဲ့တဲ့ဘုရားစင် (၃ဝ-၁၁-၂ဝ၁၄) နဲ့ အခုနေတဲ့အိမ်ကဘုရားစင် (၉-၂-၂ဝ၁၆)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး