Kim Jong-nam killing ကင်-ဂျုံ-နမ်း ဘေဘီ-အွိုင်လ်း ဒေါ်လာကိုးဆယ်

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့အကိုတော်သူကို မလေးရှားမှာလုပ်ကြံသတ်ဖြတ်မှုမှာ အဖမ်းခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံသူဟာ သူ့လုပ်ငန်းတာဝန်အတွက် ဒေါ်လာ (၉ဝ) ရပါသတဲ့။ ကွာလာလမ်ပူလေဆိပ်ထဲမှာ သေဆုံးသူရဲ့မျက်နှာကို အပြောင်အပျက်သဘောနဲ့ ဘေဘီ-အွိုင်း သုတ်ပေးဘို့အတွက် မလေးရှား ရင်းဂစ်ငွေ ၄ဝဝ ရတယ်လို့ ထွက်ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိတဲ့ ဆီတီ အိုင်ရှား (အင်္ကျီအနီရောင်) အပြင် ဗီယက်နမ်နိုင်ငံသူ ၂၉ နှစ်အရွယ်ရှိတဲ့ ဒွန် သီ ဟွန် (အင်္ကျီအဝါရောင်) ကိုလည်း ဖမ်းထားပါတယ်။ သူ့ထွက်ဆိုချက်က အဲဒီပြောင်စရာ တီဗွီပြကွက်မှာ ဇာတ်ရံအဖြစ်နေပေးဘို့ ဖြစ်ပါသတဲ့။

မြောက်ကိုရီးယားနိုင်ငံသားကိုလည်းဖမ်းထားတယ်။ နောက်ထပ် ၇ ယောက်ကိုလည်း မလေးရှားရဲက အလိုရှိနေတယ်။ မြောက်ကိုရီးယားအစိုးရက ငြင်းဆိုထားပေမယ့် သူ့လက်ချက်လို့ အားလုံးကသံသယရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ