ခံသီးထောင်း မိတ်အင်-အမေရီးကား

ခရမ်ဘယ်ရီခေါ်တဲ့ အသီးလေးတွေကို ခံသီးထောင်းသလို ငပိလေးနည်းနည်း၊ ငရုပ်သီးစိမ်းတောင့်လေး ပါလေရာ၊ ကြက်သွန်ဖြူလေးပါတည့်ထောင်းတယ်။ အမြင်ရော အရသာပါ အတော်ဆင်တယ်။ ချဉ်တယ်။

ဒီမှာက ခရမ်ဘယ်ရီဖျော်ရည်ကို ဆီးလမ်းရောဂါသမားတွေအတွက် ညွှန်တယ်။ မြန်မာပြည်က တိုင်းရင်းဆေးမှာလည်း ခံသီးကို ဆီးအတွက်သုံးတယ်တဲ့။

ခရမ်ဘယ်ရီသီးက ခံသီးနဲ့တူတယ်။ ပန်းရောင်၊ အနီရောင်၊ မရမ်းရောင်။ အရွယ်အစားလည်း တူတယ်။ ကျွန်တော့်အကြံ မဟုတ်ပါ။ သူငယ်ချင်းတွေလိုပဲ ဓါတ်ပုံသာရိုက်တယ်။ Smile!

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၇

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး