Virtuous Tradition ယဉ်ကျေးမှု

မြန်မာနိုင်ငံပြည်ပကိုရောက်ကတည်းက လူငယ်လူရွယ်တွေကို ယဉ်ကျေးလိမ္မာအောင် တတ်နိုင်သလောက်လေး သင်ပေးပါတယ်။ တယောက်နဲ့တယောက် နှုပ်ဆက်ခွဲခွါတဲ့အခါ၊ လူကြီးသူမကို ကန်တော့တဲ့အခါ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးနဲ့ လွန်ကျူးမိတာရှိခဲ့ရင် ခွင့်လွှတ်ပါလို့ ဆိုသင့်ကြောင်း သင်ပေးပါတယ်။ ပါဠိလိုမဆိုတတ်တာက အရေးမကြီးပါ။ ခွင့်လွှတ်ပါစကားသာ လိုတယ်။ ဘာသာရေးမဟုတ်ပါ။ ယဉ်ကျေးမှုဖြစ်တယ်။

လွန်ခဲ့တဲ့ ၃ နှစ်တိတိက ကနေ့မှာ လူရွယ်နှစ်ယောက်က တတိယနိုင်ငံတခုကို သွားကြရမှာမို့ လာပြီး နှုပ်ဆက်ကန်တော့ ကြတဲ့အခါ အဲသည်အတိုင်းဆိုကြတယ်။ ကျွန်တော်က သင်ပေးခဲ့ဘူးသူ မဟုတ်ပါ။ သူတို့လူကြီးမိဘတွေက တော်ကြလို့ပါ။

စိတ်ထဲမှာ ဝမ်းနည်းတာနဲ့ ကျေနပ်တာနှစ်မျိုး ဆက်တိုက်ဖြစ်လာပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၄
၂၃-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး