Deadliest Dictators အာဏာရှင်ဆိုးကြီးများ

သတင်း = ဖိလစ်ပိုင် ပြည်သူ့အာဏာတော်လှန်ရေးနေ့ သမ္မတ ဒူတာတေး မတက်ရောက်

ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၆ ခုနှစ်တုန်းက အာဏာရှင် ဖာဒီနန် မားကို့စ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အာဏာ တော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်းအနားကို မြို့တော် မနီလာမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။ ဒူတာတေး မတက်ရောက်ပါ။ မားကို့စ် ရဲ့ ရုပ်ကလပ်ကို သူရဲကောင်းသင်္ချိုင်းမှာ မြှုပ်နှံဖို့ခွင့်ပြုခဲ့ပါသေးတယ်။

ကမ္ဘာမှာ အရက်စက်ဆုံး (လူသတ်အများဆုံး) အာဏာရှင်ကြီး (၂၅) ယောက်ရှိတယ်။
၁။ မော်စီတုန်း၊ တရုပ် = လူ ၄ သန်းကနေ ၆ သန်းကိုသေစေခဲ့တယ်။
၂။ ဟစ်တလာ၊ ဂျာမန် = ဂျူး ၆ သန်းအပါအဝင် ၁၇ သန်းကိုသေစေခဲ့တယ်။
၃။ လီယိုပိးလ်-၂၊ ဘယ်ဂျီယမ် = ကွန်ဂိုလူမျိုး ၁၅ သန်း သေစေခဲ့တယ်။
၎။ စတာလင်၊ ဆိုဗီယက် = လူ ၁ဝ သန်း ငတ်ပြီးသေစေခဲ့တယ်။
၅။ တိုဂျို၊ ဂျပန် = ၅ သန်းကျော်သေစေခဲ့တယ်။
၆။ နစ်ကိုလပ်စ်-၂၊ ရုရှား = ၃ သန်းကိုသေစေခဲ့တယ်။
၇။ ယာယာခန်၊ ပါကစ္စတန် = အရှေ့ပါကစ္စတန်စစ်ပွဲ။
၈။ ပိုးလ်ပေါ့၊ ကမ္ဘောဒီးယား = ၂့၅ သန်းကိုသေစေခဲ့တယ်။
၉။ အိုမာ အယ်လ်-ဘာရှိယာ၊ ဆူဒန် = ၄ သိန်းကိုသေစေခဲ့တယ်။
၁ဝ။ အစ်မေးလ် အင်ဗာ ပါရှား = အာမေးနီးယန်းလူမျိုး ၁့၅ သန်းနဲ့တခြား ၁ သန်းကို သေစေခဲ့တယ်။
၁၁။ ဆဒမ် ဟူစိန်၊ အီရတ်သမတ = လူ ၂ သန်းကိုသေစေခဲ့တယ်။
၁၂။ ကင်မ် အီလ် ဆွန်း၊ မြောက်ကိုရီးယား = လူ ၁့၆ သန်းကိုသေစေခဲ့တယ်။
၁၃။ မာရီယမ်၊ အီသီယိုးပီးယား = လူ ၁့၅ သန်းကိုသေစေခဲ့တယ်။
၁၄။ ယာကိုဘူ ဂိုဝန်၊ နိုက်ဂျာ = လူ ၁ သန်းကိုသေစေခဲ့တယ်။
၁၅။ ဟိုချီမင်း၊ မြောက်ဗီယက်နမ် = လူ ၁ သန်းကိုသေစေခဲ့တယ်။
၁၆။ ကိုင်ဇာဘုရင်၊ ဂျာမန် = သန်းများစွာကိုသေစေခဲ့တယ်။
၁၇။ ချန်ကေရှိတ်၊ တရုပ်ဖြူ = လူ ၁ သန်းကိုသေစေခဲ့တယ်။
၁၈။ ဘရက်စညက်၊ ဆိုဗီယက်ယူနီယန် = မော်လ်ဒိဗာ၊ ဗော်လ်ဂါဂျာမန်၊ ကော့ဆက်၊ ပိုလန်၊ အာမေးနီးယန်းတွေကို မျိုးပြုန်းအောင်သတ်ခဲ့တယ်။
၁၉။ ဟီရိုတာ၊ ဂျပန် = စစ်ရာဇဝတ်မှုကျူးလွန်တယ်။
၂ဝ။ လီနင်၊ ဆိုဗီယက်ယူနီယန် = လူတွေကို စနစ်တကျ သန်းများစွာကိုသေစေခဲ့တယ်။ Red Terror လို့တွင်ရစ်တယ်။
၂၁။ ဗလက်-၃၊ ရူမေးနီးယား = ဒရက်ကူလာလို့ တင်စားခံရသူဖြစ်တယ်။
၂၂။ အိုင်ဒီ အာမင် ဒါဒါ၊ ယူဂန်ဒါ = လူ ၁ သန်းလောက်ကိုသေစေခဲ့တယ်။
၂၃။ ကင်မ် ဂျုံ-အီးလ်၊ မြောက်ကိုရီးယား = လူ ၂ သိန်းခွဲကိုသေစေခဲ့တယ်။
၂၄။ ဟီရိုအီတို၊ ဂျပန် = ဒုတိယကမ္ဘာစစ်မှာ ရက်ရက်စက်စက်လူတွေကိုသေစေခဲ့တယ်။
၂၅။ ရောဘတ် မူဝါဘီ၊ ဇင်္ဘာဘွေ = လူ ၂ သောင်းသေစေခဲ့တယ်။ မြေယာစနစ်ပြုပြင်ရေးလုပ်လို့ ၃့၁ သန်း နေစရာမရှိဖြစ်စေတယ်။ လက်ရှိလည်းအုပ်ချုပ်နေဆဲဖြစ်တယ်။

အာဏာရျင်တို့၏ ဇာတ်သိမ်းခန်းများ
၁။ လစ်ဗျားခေါင်းဆောင် (ကဒါဖီ) (၁၉၄၂-၂ဝ၁၁) = အမေရိကန်တပ်တွေကတိုက်နေချိန်မှာ သူပုန်အဖွဲ့က ဖမ်းမိပြီး နှိပ်စက်ခံရတယ်။ ဘက်နက်နဲ့ထိုးတယ်။ အဝတ်အစား မလုံမခြုံနဲ့ ကားပေါ်တင်ပြီး လူပုံမှာလှည့်ပြတယ်။ သေနတ်နဲ့ ပစ်သတ်တယ်။

၂။ ကမ္ဘောဒီးယား အာဏာရှင် ခမာနီခေါင်းဆောင် ပိုးလ်ပေါ့ (၁၉၂၅-၁၉၉၈) = ၂့၅ သန်း သေစေခဲ့တယ်။ နိုင်ငံတကာ တရားရုံးကို မပို့ခင်မှာ သူ့မိန်းမရှေ့မှာတင် ဆင်းဆင်းရဲရဲ သေဆုံးသွားခဲ့တယ်။

၃။ ချီလီအာဏာရှင် အော်ဂတ်စတို ပီနိုချေး (၁၉၁၅-၂ဝဝ၆) = နောက်အစိုးရက နိုင်ငံတော်ဈာပနလုပ်ခွင့်မပေးပဲ စစ်တပ် အကြီးအကဲအနေသာ အသုဘချစေခဲ့တယ်။ အလံတဝက်ချခွင့်မပေးပါ။ နိုင်ငံတော်အလံလည်း ခေါင်းပေါ်မှာမတင်ရပါ။

၎။ ဖိလစ်ပိုင်အာဏာရှင် ဖါဒီနန် မားကို့စ် (၁၉၁၇-၁၉၈၉) ယာဝိုင်ယန်ကျွန်းမှာ သွားနေရပြီး သေဆုံးခဲ့တယ်။

၅။ ဦးနေဝင်း (၁၉၁၁-၂ဝဝ၂) ကွယ်လွန်တော့ နောက်ဆုံးခရီးမှာ လူ ၄-၅-၆ ယောက်သာ လိုက်ပို့ခွင့်ရခဲ့တယ်။

ကမ္ဘာမှာ အာဏာရှင်တွေသေသွားပေမယ့် အာဏာကိုမက်မော သူလူသစ်တွေ၊ အာဏာရှင်ကိုကပ်ပြီး ကြီးပွါး ချမ်းသာလိုသူတွေက ဆက်ရှိတတ်ပါတယ်။ ပန်းတိုင်းရောက်တာတောင်မှ တက်ထောင်လို့မရပါ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး