Be deliberate အလွယ်နဲ့ အခက်

(ကန်တော့ပါ)

မျိုးပွါးလမ်းနဲ့ဆိုင်တဲ့ မေးခွန်းတွေထဲမှာ ဆတူလောက်လာတာရှိတယ်။ ကလေးမရနိုင်သေးသူတွေနဲ့ ရလာတဲ့ကိုယ်ဝန်ကို အဆုံးသတ်ချင်သူတွေ။ ကန်တော့ပါ။ ဒိအရင်နှစ်တွေတုန်းက အရေးပေါ်တားဆေး။ ကလေးမရသေးသူတွေ မေးရတာက တိုတိုလေး၊ ဖြေရတာကအရှည်ကြီး။ ဒါတောင် တပုဒ်ထဲမှာ အကျဉ်းသာရေးထားလို့။ စာရှည်တာကို တခါတည်းနဲ့ပို့မရရင် ခွဲပို့နေရလို့ အချိန်ကကုန်တယ်။ ပို့တာလည်း ကုန်အောင်ဖတ်ကြလားမသိ။ ဖျက်ချင်သူတွေကလည်း လွယ်လွယ်လေး။ ကျွန်တော့်မှာ ကျင့်ဝတ်ရှိတယ်။ ဥပဒေရှိတယ်။ ဘာသာရေးရှိတယ်။ စာတွေသာ စုံအောင်ရေးတယ်။ ဆေးနည်းပေးတာလို့ မယူဆစေလိုပါ။ ဘလော့မှာသာ ဖတ်ကြစေလိုပါတယ်။

• Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ
• Abortion drug ဖျက်ဆေး
• Abortion or not ကိုယ်ဝန်ဖျက်တယ်ဆိုတာ
• Abortion Q and A မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ
• Abortion Risks စပွန်ဆာရောဂါ
• Abortion with Pills (Misoprostol, Cytotec) ဖျက်ဆေး
• Abortion မလိုချင်တဲ့ ကိုယ်ဝန်
• Amor အရေးပေါ်တားဆေး
• Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ
• Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း
• Cytotec (Misoprostol) ဆေးသုံးနည်း
• Cytotec ဆေးပညာသာရေး ဆေးကုမပေး
• Ecee-2 အီးဇီးတူး မယဉ်ကျေးမှု
• Ecee-2 အရေးပေါ်တားဆေး သတိပေး
• Emergency contraception အရေးပေါ် တားဆေး-တားနည်း (၃) မျိုး
• Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း
• Medical abortion ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ခြင်း
• Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး
• Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း

ဖေါလစ်အက်စစ်နဲ့ မျိုးဥထွက်ဆေး အသိတစိတ်တပိုင်းလေးနဲ့ မေးလာကြတယ်။ ကိုယ်ဝန်ဖျက်ဆေး အသိတခြမ်းစာနဲ့ လာမေးကြတယ်။ မနက်-နေ့-ည။ သုတေသနတော့ မဟုတ်ပါ။ မြန်မာပြည်မှာ အဲတာတွေ ပိုများလာသလား။ ဘာကိုပဲလုပ်လုပ် လွယ်လွယ်ပေါ့ပေါ့ မလုပ်ကြစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး