Earth-sized Worlds ကမ္ဘာလောက်ရှိတဲ့ ဂြိုဟ်ခုနစ်ခုတွေ့ရှိ

တခုတည်းသောနေကို ဝန်းရံနေတဲ့ နောက်ထပ်ဂြိုဟ်ခုနစ်ခုကို တွေ့ရှိတယ်လို့ နာရီပိုင်းကထွက်တဲ့သတင်းကဆိုပါတယ်။ နာဆာကနေ တွေ့ရှိတာပါ။

အဲဒီဂြိုဟ်တွေမှာ ရေရှိနိုင်တဲ့အလာအရာလည်းတွေ့ရလို့ သုံးခုပေါ်မှာ သက်ရှိတွေ နေထိုင်နိုင်မလားလို့ ယူဆပါတယ်။ တခုနဲ့တခုလည်း မဝေးလှပါ။ နေနဲ့လည်းနီးကြတယ်။ ဂျူပီတာကို လတွေ ဝန်းရံထားတာနဲ့ တူနေတယ်။

Trappist-1 planetsတွေလို့ အမည်ပေးထားလိုက်ပြီ။ နာဆာကနေတွေ့ထားပြီးသမျှ ဂြိုဟ်ပေါင်း ၃၄၄၉ ခုရှိသွားပါပြီ။
အပူချိန်ကိုလေ့လာမယ်။ အောက်စီဂျင်နဲ့ မီသိန်းဓါတ်တွေကိုလေ့လာမယ်။ အဲတာတွေက သက်ရှိတွေ ပေါက်ဖွား နေထိုင်နိုင်တဲ့ အခြေခံအချက်တွေဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၇
http://www.bbc.com/news/science-environment-39034050

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး