IgA nephropathy အိုင်ဂျီအေ ကျောက်ကပ်ရောဂါ

၁။ ဆရာရှင့် ကျွန်မ အသက် ၃၅ နှစ်၊ အိမ်ထောင်ရှ၊ိ ၃ နှစ်ခွဲ သားတယောက်ရှိပါတယ်ရှင့်။ လွန်ခဲ့တဲ့ ၆ လအတွင်း ကိုယ်အလေးချိန် ၂့၅ ကီလိုလောက်ကျသွားပြီး ဆီးသွားရင် အမြှုပ်တွေ့တဲ့အတွက် ကျန်းမာရေးစစ်ဆေးမှု လုပ်ခဲ့ပါတယ်။ ဆီးထဲမှာ protein များနေတဲ့အတွက် Renal specialist နဲ့ထပ်ပြခဲ့ပါတယ်။ သွေး ဆီး (၂၄ နာရီ) ပြန်စစ်ပြီး kidney biopsy လုပ်ပါတယ်။ ဆရာဝန်က IgAN ရောဂါလို့ သတ်မှတ်ပါတယ်ဆရာ။ သောက်ဆေး ၂ ပတ်စာပေးပြီး ပြန်ပြဖို့ ပြောပါတယ်ရှင့်။ ဒီရောဂါရဲ့ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ရောဂါအမြန်ဆုံး သက်သာအောင် ဘယ်လိုနေထိုင် စားသောက် ရမယ်ဆိုတာ ကျေးဇူးပြု၍ သိပါရစေရှင့်။

၂။ ဆရာကျနော် IGA Nephropathy ရောဂါအကြောင်းသိချင်ပါတယ် ခင်ဗျာ။ ကျေးဇူးပြု၍ share ပေးပါဆရာ။

အိုင်ဂျီအေ ကျောက်ကပ်ရောဂါကို Berger's disease လို့လဲခေါ်တဲ့ ကျောက်ကပ်ရောဂါဖြစ်တယ်။ immunoglobulin A (IgA) ခေါ်တဲ့ (အင်တီဘော်ဒီ) တွေကြောင့်ဖြစ်ရတယ်။ ကျောက်ကပ်ထဲမှာ စုဝေးနေပြီး ရောင်ရမ်းဖြစ်စဉ်ဝင်လာလို့ စစ်ထုတ်ရမဲ့အလုပ်ကို မလုပ်နိုင် ဖြစ်လာမယ်။ သွေးထဲမှာ ရေဓါတ်နဲ့ ဓါတ်ဆားတွေ မျှခြေပျက်မယ်။ သွေးတိုးမယ်။ ကိုယ်ရောင်မယ်။ Nephrotic syndrome ခေါ်တဲ့ကျေက်ကပ်ရောဂါ ဖြစ်နိုင်တယ်။ တချို့မှာ ကျောက်ကပ် ပျက်စီးတယ်။ ဆောရီး။

ဖြစ်ကာစမှာ ဘာမှမခံစားရသေးပါ။ ရောဂါက တဖြေးဖြေးရင့်ရင့်လာတယ်။ တယောက်နဲ့တယောက် မတူကြပါ။ တချို့မှာ ဆီးထဲသွေးပါမယ်။ ကံကောင်းသူတွေက ပျောက်သွားတယ်။ ပျောက်အောင်ကုပေးမယ်လို့ အာမမခံနိုင်ပါ။ ဒါပေမဲ့ သွေးတိုး၊ ကိုယ်ရောင်တာ၊ ကိုလက်စထောများနေတာကို နည်းစေအောင်လုပ်ပေးနိုင်တဲ့ ဆေးတွေရှိတယ်။

ရောဂါလကဏာတွေကတော့ သွေးပါနေလို့ ဆီးအရောင်ဟာ ကိုကာကိုလာလိုလို လဖက်ရည်ရောင်လိုလိုနေမယ်။ ကျောက်ကပ်နေရာ နောက်ကျောဖက်ကနာမယ်။ ဆီးထဲအနယ်ပါမယ်။ ခြေထောက်တွေရောင်မယ်။ သွေးဖိအားတက်မယ်။
ဘာလို့ဖြစ်ရသလဲမသိပါ။ ယောက်ျားတွေမှာ မိန်းမတွေထက် နှစ်ဆပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မက ရှိတတ်တယ်။

ဆက်ဖြစ်လာနိုင်တာတွေကတော့ -
• High blood pressure သွေးတိုး၊
• High cholesterol ကိုခက်စထောများခြင်း၊
• Acute kidney failure ရက်တို ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း၊
• Chronic kidney failure နာတာရှည် ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း၊
• Nephrotic syndrome ကျောက်ကပ်ရောဂါတမျိုး ဆက်ဖြစ်နိုင်တယ်။

စစ်စရာတွေကတော့ -
• Urine test ဆီးစစ်၊
• Blood tests သွေးစစ်၊
• Iothalamate clearance test စစ်နည်း၊
• Kidney imaging ကျောက်ကပ်ရုပ်ပုံစစ်နည်း၊
• Kidney biopsy ကျောက်ကပ်အသားစထုတ်ယူစစ်နည်းတွေလုပ်ရမယ်။

ပျောက်အောင်ကုတဲ့နည်း မပေါ်သေးပါ။ ဆောရီး။ ကျောက်ကပ်အလုပ်မနိုင်တော့ရင် ကျောက်ကပ်ဆေးနေရမယ်။ သွေးတိုးအတွက် အငန်ရှောင်ရမယ်။ (ပရိုတင်း) နည်းနည်းသာစားရမယ်။ (ထရန်စ်) အဆီရှောင်ရမယ်။ ဆရာဝန်နဲ့ ပုံမှန် ပြသနေရမယ်။

သုံးတဲ့ဆေးတွေကတော့ -
• High blood pressure medications သွေးကျဆေးတွေပေးမယ်။ angiotensin-converting enzyme (ACE) inhibitors or angiotensin receptor blockers (ARBs) ဆေးအမျိုးအစားတွေသုံးတယ်။
• Omega-3 fatty acids အိုမီဂါ-သရီးဆေးပေးမယ်။
• Immunosuppressants ဆေးတွေဖြစ်တဲ့ Corticosteroid ဆေးပေးမယ်။ သတိထားပေးရတယ်။
• Statin therapy ကိုလက်စထောအတွက်ဆေးပေးမယ်။
• Mycophenolate mofetil (CellCept) ဆေးကိုလဲသုံးတယ်။
• Prednisone ဆေးလည်းပေးရတတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၄
၎-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး