Saturday, February 11, 2017

Thyroperoxidase (TPO) စစ်ဆေးခြင်း

ကျမအသက် ၃၁ အိမ်ထောင်မရှိပါ။ လတ်တလော အသက်ရှူမဝလို့ ဆရာဝန်သွားပြပြီး သွေးစစ်တာ Cholesterol နဲ့ TSH များနေတယ်လို့သိရပါတယ်။ နောက်တစ်ခါ Anti-TPO ထပ်စစ်တော့လည်း များနေတာတွေ့ရတယ်။ TSH နဲ့ Anti-TPO ကဘာအတွက်စစ်တာလဲသိချင်လို့ပါဆရာ။ သွေးအဖြေအရ များနေတော့ အရေးကြီးမကြီး ဆေးသောက်ဖို့လိုမလို ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်လို့ပါဆရာ။ ဆရာဝန်နဲ့က နောက်တစ်ပတ်မှ ပြန်ပြရမှာမို့လို့ ဒီကြားထဲ စိတ်ပူနေလို့ပါ။  ဆေးစစ်ထားတဲ့ဖြေစာရွက်ကိုလည်း ပို့ပေးလိုက်ပါတယ်။

အင်ဇိုင်းတမျိုးဖြစ်တယ်။ လည်ပင်းကြီးဟော်မုန်းတည်ဆောက်ရာမှာလိုတယ်။ အိုင်အိုဒင်းနဲ့ပေါင်းပြီး triiodothyronine နဲ့ thyroxine (tetraiodothyronine) ဖြစ်လာစေတယ်။ thyroid gland antigens လည်ပင်ကြီးဂလင်း အင်တီဂျင်ဖြစ်တယ်။

လည်ပင်းကြီးရောဂါတချို့ဟာ Autoimmune ခေါ်ခုခံအားကမောက်ကမကြောင့်ဖြစ်ရတယ်။ Autoantibodies သူတို့မှာ အော်တိုအင်တီဘော်ဒီတွေရှိနေမယ်။ Anti-TPO antibodies တွေကနေ လည်ပင်းကြီးအိတ် အလုပ်တွေ မလုပ်အောင် တားဆီးတယ်။ Hypothyroidism ဟော်မုန်းနည်းရောဂါဖြစ်လာစေမယ်။

TPO antibody အနည်း-အများကိုကြည့်ရင် Hashimoto thyroiditis, idiopathic myxedema နဲ့ Graves disease တွေကို သိမယ်။ Hashimoto thyroiditis မှာ ၉ဝ% အများဆုံးတွေ့မယ်။ Graves disease မှာ ၆ဝ-၈ဝ% တွေ့မယ်။
ဟော်မုန်းနည်းရောဂါမပြသေးသူတွေမှာ အဲတာတွေနေရင် hypothyroidism ရောဂါဖြစ်လာစရာရှိတယ်။ စစ်ရင် <9.0 IU/mL ထက်နည်းနေရမယ်။ များရင် autoimmune thyroiditis ရှိနေပြီ။ pernicious anemia သွေးအားနည်းရောဂါ၊ adrenal insufficiency နဲ့ type 1 diabetes ဆီးချို အမျိုးအစား (၁) တို့မှာလည်းရှိနိုင်တယ်။

Thyroid Function Tests လည်ပင်းကြီးဟော်မုန်း စစ်ဆေးခြင်းစာပို့လိုက်မယ်။ Cholesterol ကိုလက်စထော၊ Cholesterol and food ကိုလက်စထောနဲ့ အစားအစာ၊ Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) စာတွေကိုလည်းဖတ်ပါ။ လိုက်နာပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...