Peasants Day တောင်သူလယ်သမားနေ့သမိုင်း

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ဝယ်ပြီး ဇန္နဝါရီလကိုကြည့်တိုင်း နှစ်ဆန်း (၁) ရက်နေ့ကို သတိမထားပဲမနေမိပါ။ တောင်သူလယ်သမားနေ့ဖြစ်လို့ပါ။ လွတ်လပ်ရေးရကတည်းက ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်တယ်။ ဆိုရှယ်လစ်စနစ်ကြေညာတယ်။ အလုပ်သမားတွေ တောင်သူလယ်သမားတွေကို ဦးစားပေးမယ်လို့ ပါတီစာအုပ်တွေ၊ သတင်းစာတွေ၊ ရေဒီယိုနဲ့ တီဗွီတွေ၊ မိန့်ခွန်းတွေထဲမှာ နေ့တိုင်းပါတယ်။ တောင်သူတွေကို ဦးကြီးလို့ပြောင်းခေါ်တယ်။

၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာ ကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်လုပ်ပြီး စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့တာ ကနေ့အထိ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မဆလပါတီပြုတ်မကျခင်လေးမှာ သီးနှံမသွင်းနိုင်တဲ့ဦးကြီးလို့အခေါ်ခံကြရသူတွေ အဖမ်းခံကြရတယ်။ ကျွန်တော့်အမျိုးတွေလည်းပါတယ်။

ဒီနှစ် တောင်သူလယ်သမားနေ့ မတိုင်ခင် သီးနှံဈေးတွေကျနေတယ်လို့ ကွန်မင့်မှာ နှစ်ယောက်ကရေးလာတယ်။ တောင်သူလယ်သမားတွေ စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ပြီး၊ ဥစ္စာဓနကုံလုံ ကြွယ်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး