Causes of Infant Mortality တနှစ်အောက်ကလေးသေဆုံးရခြင်း အကြောင်းရင်းများ

တနှစ်အောက်ကလေး သေဆုံးရသောအကြောင်းရင်းကို ဗမာလိုသိချင်ပါတယ်။ အမြန်ဆုံးပို့ပေးပါလားဆရာ။

တစ်ကိုတော့ ပြင်လိုက်ပါတယ်။ ဆောရီး။

တနှစ်အောက်ကလေး သေဆုံးရခြင်းအကြောင်းရင်းများ (တကမ္ဘာလုံး ၂ဝ၁ဝ)
၁။ Neonatal encephalopathy ဦးနှောက်ချို့ယွင်းချက်များ (ကလေးဖွားစဉ်ထိခိုက်မိခြင်း၊ အောက်စီဂျင်မရခြင်း)
၂။ Infections, especially blood infections ကူးစက်ရောဂါများ။ အထူးသဖြင့် သွေးကတဆင့်ကူးစက်ရောဂါများ
၃။ Complications of preterm birth စောမွေးရာမှဆက်ဖြစ်သည်များ
၎။ Lower respiratory infections အသက်ရှူလမ်းရောဂါများ။ အထူးသဖြင့် တုပ်ကွေးနှင့် နူမိုးနီးယား
၅။ Diarrheal diseases ဝမ်းပျက်ရောဂါများ

တနှစ်အောက်ကလေး သေဆုံးရခြင်းအကြောင်းရင်များ (ယူအက်စ်အေ)
၁။ Birth defects မွေးရာပါချို့ယွင်းမှုများ
၂။ Preterm birth and low birth weight စောမွေး + အလေးချိန်နည်းမွေးခြင်း
၃။ Sudden Infant Death Syndrome (SIDS) ရုတ်တရက်သေဆုံးရခြင်း ဆင်ဒရုမ်း
၎။ Pregnancy complications မူမမှန်ကိုယ်ဝန် (High blood pressure ကိုယ်ဝန်သွေးတိုး၊ Gestational diabetes ကိုယ်ဝန်ဆီးချို၊ Preeclampsia ကိုယ်ဝန်အဆိပ်သင့်ခြင်း)
၅။ Pregnancy loss ကိုယ်ဝန်ပျက်ခြင်း-ဖျက်ခြင်း
၆။ Accidents မတော်တဆဖြစ်ခြင်း။

သုတေသနတခု
၁။ အချိန်စောမွေးခြင်းနှစ့် အလေးချိန်မပြည့်ခြင်း = ၃၁%
၂။ ကူးစက်ရောဂါများ = ၂၅%
၃။ မွေးဖွားချိန်အသက်ရှူမဝခြင်းနှင့် ထိခိုက်မှုများ = ၂၃%
၎။ မွေးရာပါချို့ယွင်းချက်များ = ၉%
၅။ မီးတွင်းမေးခိုင်ရောဂါ = ၃%
၆။ ဝမ်းပျက်ခြင်း = ၃%
၇။ အခြားအကြောင်းများ = ၆%

သုတေသနတခု
ဝ-၄ ပတ်အတွင်းသေဆုံးရခြင်းအကြောင်းရင်းများ
၁။ အလေးချိန်နည်းခြင်းနှင့် စောမွေးခြင်း
၂။ မွေးဖွားစဉ် ထိခိုက်မှုများနှင့် ခက်ခဲစွာမွေးရခြင်း
၃။ ပိုးဝင်ခြင်း
၎။ မွေးရာပါချို့ယွင်းချက်များ
၅။ သွေးရောဂါများ
၆။ အချင်းနဲ့ဆက်စပ်ခြင်းခြင်းများ
၇။ ဝမ်းပျက်ခြင်း
၈။ အသက်ရှူလမ်းရက်တိုရောဂါများ
၉။ မေးခိုင်ရောဂါ

၁-၁၂ လ
၁။ ဝမ်းပျက်ခြင်း
၂။ အသက်ရှူလမ်းရက်တိုရောဂါများ
၃။ အခြားကူးစက်ရောဂါများ
၎။ အာဟာရချို့တဲ့ခြင်း
၅။ မွေးရာပါရောဂါများ
၆။ မတော်တဆမှုများ

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး