My First Post of the Day ကနေ့တွက်တာ ပဌမဆုံးစာ

၁။ Wut Hmone ဆရာ့ရဲ့ဆေးပညာစာတွေတော့ မဖတ်ရမှာတော့ စိုးရိမ်ပါတယ်။ ဆေးစာတွေကလွဲရင် တော်ရုံ မမန့်ပါဘူး။ မြန်မာစာကတော့ ကျွန်မ မြတ်နိုးလို့ပါ။ အခုပိုစ့်လို စာလုံးပေါင်းမှားတွေက ရေးတဲ့သူနဲ့ပဲဆိုင်ပါတယ် သူတို့ရဲ့ ပေါ့ဆမှု သူတို့အမှားပါ။ ယခုခေတ်သတ်ပုံနဲ့တော့ဆိုင်မယ်မထင်ပါ။ မြန်မာစာသင်ရိုးထဲက သတ်ပုံအတိုင်း ရေးပါတယ်။ ဒီထဲမှာသာ စာလုံးမှားခဲ့ရင် ကျွန်မညံဖျင်းမှုကြောင့်ပါ။ စာလုံးပေါင်းမှားတာပြင်ပေးတိုင်း ကျေးဇူးတင်ပါတယ်။ တကူးတက ပြင်ပေးလို့ ဝမ်းသာပါတယ်။ ခေတ်သစ်သတ်ပုံနဲ့သာ သင်ခဲ့ရလို့ နားလည်ပေးစေချင်ပါတယ်။ အရင်က သတ်ပုံတွေက ဒီလိုရှိတယ်ဆိုတာ ချပြလို့ ဗဟုသုတရပါတယ်။ ဆရာကခံယူချက်ပြင်းထန်တော့ တမျိုးကြီးဖြစ်နေတယ်။ ဆရာရဲ့ စေတနာတွေက ဂရုဏာဒေါသဘက်ရောက်သွားမှာစိုးလို့ပါ။ နောက်တခုက ဖုန်းနဲ့သုံးတာများလို့ စားလုံးပေါင်းကို အလွယ်ရေးကြတယ်။ ပြီးဆို ပီးလို့ရေးတယ်။ ရရစ်တလုံး မရေးရနဲလားဆိုတဲ့သဘော။ မြန်မာစာကို အလွယ်မရေးအောင် ဦးတည်ပြောပေးရင် ပိုကောင်းပါတယ်လို့ ဆန္ဒပြုပါရစေ။ အမှားပါရင် တောင်းပန်ပါရစေ။ ခွင့်လွှတ်ပါရှင့်။

Dr. Tint Swe လူတိုင်းဟာ ကိုယ်အမြင်နဲ့ ကိုယ်သဘောအတိုင်း ဆောင်ရွက်တတ်ကြတယ်။ ကွန်မင့်ပေးသူကလည်း မိမိနေရာကနေ ကျွန်တော်လိုအမြင်မျိုးဟာ မသင့်ကြောင်း ရေးနိုင်တယ်။ ကျွန်တော်ကတော့ ကိုယ့်ကို မြန်မာစာ သင်ပေးလိုက်တဲ့ သင်-မြင်-ကြားဆရာတွေထက် ခေတ်သစ်ဟုခေါ်သော ဆရာတွေ လူရွယ်တွေက ပိုတော်ကြတယ် မှန်ကန်ကြတယ်လို့ မထင်ပါ။ ဆောရီး။ ကရုဏာကို ပြင်လိုက်ပါတယ်။

Lone Lone Lone Lone ဆရာပြောတာမှန်ပါတယ်ဆရာ။ ဒါပေမဲ့ ဖုန်းနဲ့မက်ဆေ့တွေပို့တဲ့အခါဆို ကျွန်တော်သုံးမိလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ p ပီ ဆိုရင် တလုံးပဲရိုက်ရပြီးကန့်သတ်စာလုံးမကျော်တော့ ပိုက်ဆံပိုမကုန်လို့ပါ။ ပြီး ဆိုတဲ့စာလုံး ရိုက်ရင်ြ ၊ ပ ၊ီ ၊း လေးလုံးလောက်ရိုက်ရတော့ ချွေတာတဲ့အနေနဲ့သုံးမိတာပါ။ ခွင့်လွတ်ပေးပါဆရာ။ ရေးကြီးတဲ့ အရေးအသားတွေကိုသတိထားပါ့မယ်။

Dr. Tint Swe ကျွန်တော့်ဆီကို စာရေးလာသူ တနေ့မှာ ငါးဆယ်ကနေ တရာ (တရာ မဟုတ်) လောက်ရှိတယ်။ အင်္ဂလိပ်စာလုံး ပီနဲ့ရေးတာ တရက်ခြားတခါသာလာတယ်။ စာရေးလာသူ အားလုံးထဲမှာ ၉၈% က ဖုန်းသုံးကြပုံရတယ်။

ပဌမကွန်မင့်အရ လွယ်လို့ ပြီအစား အင်္ဂလိပ်စာလုံးပီသုံးတယ်လို့ တွေ့တယ်။ နောက်တခုမှ ချွေတာရေးလို့ တွေ့တယ်။ ကျွန်တော်လည်း လွယ်တာကို ကြိုက်ပါတယ်။ ပိုက်ဆံလည်းမဖြုန်းချင်ပါ။ ဒါပေမယ့် ခက်တာကိုပြင်ဘို့ရာ ဇွဲမလျော့ပါ။ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတာ ၂၇ နှစ်ကြာပြီ။ ပိုက်ဆံကတော့ ချမ်းသာသူမဟုတ်လို့ ဖြုန်းစရာ မရှိပါ။ အချိန် အလွန် ဆင်းရဲလှပေမယ့် မြန်မာစာကျန်းမာရေးအတွက် မနက်-နေ့-ည ကြိုးစားပါတယ်။ ညက ၂ နာရီကျော်မှာ အိပ်တယ်။ ကနေ့မနက် ၈ နာရီမထိုးခင်နိုးလာတယ်။ အခုစာဟာ ကနေ့အတွက် ပဌမဆုံးပို့စ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ