Seven ways the world could change

ထရမ့်လက်ထက်မှာ အပြောင်းအလဲကြီး ခုနစ်မျိုးဖြစ်လာနိုင်

၁။ နှစ်ပေါင်း (၆ဝ) ရှိနေခဲ့တဲ့ အမေရိကန်နဲ့ နေတိုးခေါ် မြောက်အန္တလန်တိတ်သမုဒ္ဒရာနိုင်ငံများအဖွဲ့ ဆက်ဆံရေး ပြောင်းမယ်။ သူက အဖွဲ့ဝင်နိုင်ငံတွေက GDP ရဲ့ ၂% ကိုပြည့်မီအောင်မထည်ဝင်ကြတာကို ထောက်ပြတယ်။ ယူအက်စ်၊ ယူကေ၊ အက်စ်တိုးနီးယား၊ ဂရိစ်နဲ့ ပိုလန်တို့ကလာပြည့်မီကြတယ်။

၂။ ရုရှားနဲ့ ဆက်ဆံရေးပိုသင့်လာမယ်။ အဲတာမှာတော့ ရုရှားထောက်လှမ်းရေးနဲ့ဆက်ဆံခဲ့တာကို မေးခွန်းတွေထုတ်ခံရ၊ လုံခြုံရေးအကြံပေးကို ဖြုတ်ရတာတွေမတိုင်ခင်က ပြောထားခဲ့တဲ့အချက်ဖြစ်တယ်။

၃။ လွတ်လပ်စွာကုန်သွယ်ရေး ရပ်မယ်။ ၁၂ နိုင်ငံပါဝင်တဲ့ TPP ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေးသဘောတူစာချုပ်ကို ရပ်မယ်။ မက်ဆီကိုမှာ ထုတ်လုပ်တဲ့ကုန်တွေကို ၃၅% အခွန်ပိုကောက်မယ်။

၎။ အီရန် နူကလီယားထုတ်လုပ်ရေးကြိုးစားနေတာကို ပြန်စဉ်းစားမယ်။

၅။ အာရှမှာ နူကလီယာနိုင်ငံတွေ တိုးလာမယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ယူအက်စ်အပေါ်မှီခိုမှု လျော့ဘို့ပြောတယ်။ ကိုယ်တိုင် နူကလီယာလုပ်ကြပါလားလို့ ပြောတယ်။  မြောက်ကိုရီးယားက နူကလီယာဖြစ်အောင်လုပ်နေတယ်။

၆။ ကမ္ဘာ့ရာသီဥတု ထိန်းချုပ်ရေးအစီအစဉ်တွေ ရပ်တန့်မယ်။ သူက အမေရိကားမှာ ကျောက်မီးသွေးစက်ရုံတွေ လည်ခွင့် ပြန်ပေးမယ်။ ကောင်းကင်မှာ မီးခိုးတွေ ပိုမြင်လာရမယ်။

၇။ တရုပ်တနိုင်ငံတည်းသာရှိရမယ်ဆိုတဲ့ပေါ်လစီ အဆုံးသတ်နိုင်တယ်။ တိုင်ဝမ်နဲ့ဆက်ဆံရေးသစ်ဖြစ်လာမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး