ကောင်းမှုတော်

သတင်း = စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီအား ရွှေဆေးသင်္ကန်းမှ ယခင်မူလအတိုင်း ထုံးသင်္ကန်းဖြင့် ပြန်လည် ပြောင်းလဲ ကပ်လှူမည်

စောစောက စူ နဲ့ ဆူအကြောင်းမှာ စူဠာမဏိ (စူဠာမုဏိ) လို့လည်းထည့်ထားတယ်။ စစ်ကိုင်း ကောင်းမှုတော်စေတီကို ရာဇမဏိစူဠာလို့လည်း မည်တွင်ပါတယ်။

ပုဂံ အာနန္ဒာဘုရားကြီးကို ကျပ်သိန်း  ၁ဝဝဝ ကျော်ကုန်ကျခံ၍ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည် ဆိုတဲ့သတင်း စထွက်ထွက်ချင်း ဖရင်းတယောက်ကနေ ကျွန်တော့်သဘောထားမေးပါတယ်။ စစ်အစိုးရဝန်ကြီးချုပ် (တိုင်း မဟုတ်) ကနေ အဘတို့ ထေရဝါဒဆိုတာ ဘုရားရွှေချရယ်လို့ပြောတာကို လက်မခံချင်တာနဲ့ မဟာယနဘာသာဝင်တွေရဲ့ ရွှေရောင်ဝင်းပြောင်နေတဲ့ ဘုရားဓါတ်ပုံတွေနဲ့ စာတပုဒ်ရေးလိုက်ပါသေးတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက မုံရွာကနေ မန္တလေးကို အခေါက်ပေါင်းမရေမတွက် သွားလာရတိုင်း စစ်ကိုင်း အနောက်ဖက်မှာ ထုံးသင်္ကန်းဖြူဖြူဖွေးဖွေးနဲ့ ကောင်းမှုတော်စေတီတော်ကြီးကို ဖူးတွေ့နေကျပါ။ ရာဇဝင်ထဲမှာလည်း သာလွန်မင်းတရားကြီးရဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုနဲ့ စည်းကမ်းကျတာကို အတော်သဘောကျခဲ့ပါတယ်။ ကောင်းမှုတော် စေတီတော်ရဲ့ ဗိသုကာလက်ရာထူးခြားသလို အာနန္ဒာဘုရားကလည်း သီဟိုဠ် (သီရိလင်္ကာလို့ မခေါ်သေးပါ) ကနေ ပုံတော်ယူခဲ့တာလို့ ကျောင်းစာထဲမှာသင်ခဲ့ရပါတယ်။

စစ်ကိုင်း ကောင်းမှုတော် စေတီတော်ကြီးကို ထုံးသင်္ကန်းကနေ ရွှေအတုသင်္ကန်းပြောင်းခဲ့စဉ်က သဘောမတူကြောင်း ရေးခဲ့ပါသေးတယ်။ (၇) လ အကြာမှာတော့ အခုနောက်ဆုံးသတင်း ထွက်လာပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၆
၅-၂-၂ဝ၁၇
စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီအား ရွှေဆေးသင်္ကန်းမှ ယခင်မူလအတိုင်း ထုံးသင်္ကန်းဖြင့် ပြန်လည်ပြောင်းလဲ ကပ်လှူမည် http://news-eleven.com/local/31897

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး