Eating from the Same Plate လက်ရေတပြင်တည်း

မနှစ်က ဒီနေ့မှာ ဆေးကျောင်းသား သူငယ်ချင်းဆီက သူဆိုတဲ့သီချင်းလေးတွေ ပို့ပါတယ်။ မြင်းခြံနဲ့ အင်ဒီယာနာ အင်တာနက်မြန်နှုန်းက မတူလို့ သူ့စီးချက်နဲ့ ကျွန်တော့်ဝါးချက်က အံမကိုက်ပါ။ သူခင်မြာ ကျွန်တော့်ထက် သီးခံပါရမီ ပိုမှသာ သီချင်းတပုဒ် အရောက်ပို့နိုင်ရှာတယ်။ အင်တာနက် ခက်သတဲ့။ နွေသီချင်းရှိရင်ပို့ဆိုတော့ ရောက်လာတယ်။ လက်ရေတပြင်တည်း ရှေးကတော့ပိုချစ်ကြတယ်တဲ့။

လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊ တေးဆိုကြ၊ မြူးပျော်ကြ၊ ဟေ့ သူငယ်ချင်းရေ၊့ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင်၊ လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။့ (နန်းတော်ရှေ့ဆရာတင်)

နှီးဒေါင်းလန်းမှာ ထမင်းမစားဘူးပါ။ ကျွန်တော်က တောသားပေမယ့် စားတာသောက်တာ နေတာထိုင်တာမှာ ဇီဇာကြောင်တယ်။ သူများတွေနဲ့တဝိုင်းတည်းထမင်းစားရရင် မျိုသိပ်ထားရတာမျိုးတွေ ကြုံရတယ်။ အစာပလုပ်ပလောင်းနဲ့ စကားပြောတာ၊ ပြတ်ပြတ်မည်အောင် စားတာ၊ ပန်းကန်ကိုလက်နဲ့သုတ်ပြီး လျှက်စားတာမျိုးကို မကြိုက်ပါ။ အဲတာနဲ့ ဒေါင်းလန်းမှာ မစားချင်ပါ။

သူငယ်ချင်း မင့်သီချင်းကတော့ ကောင်းပါ့ကွာ။ နှီးဒေါင်းလန်းမှာတော့ သူများတွေနဲ့အတူမစားပါရစေနဲ့။ ရှေးကလိုတော့ ချစ်ကြမြဲပေါ့ကွာ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၇

Comments