Common method of cooking rice can leave traces of arsenic in food ထမင်းချက်နည်း

တယောက်က လင့်ပို့ပြီးမေးလို့ ရေးပါတယ်။ ဗြိတိန်မှာ ပညာရှင်တွေက လေ့လာမှုပြုပြီး ဆန်ကိုထမင်းချက်နည်းရဲ့ အားနည်းချက်ကို ထောက်ပြတယ်။ နည်းမမှန်ရင် အဆင်းနစ်ဓါတ်တွေပါနေနိုင်တယ်လို့ သတိပေးတာဖြစ်ပါတယ်။ အဲလိုကနေ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ဆန်ကိုရေထဲထည့်၊ ပွက်အောင်စောင့်နည်းက မလုံလောက်ပါတဲ့။ အဲလိုလုပ်တာကနေ ဆန်ထဲမှာ အာဆင်းနစ်ပါနေတာကို အတော်ကင်းရှင်းစေမှာဖြစ်ပေမယ့် ကျန်နေနိုင်တယ်။ ဆန်ကိုရေထဲမှာ တညတာစိမ်ထားမှသာ ကင်းရှင်းမယ်တဲ့။

စမ်းသပ်နည်းမှာ ဆန်တဆကို ရေ နှစ်ဆနဲ့ရောပြီးပွက်စေတယ်။ အဲတာက အများထမင်းချက်နည်းဖြစ်တယ်။ ရေကို ၅ ဆထည့်မှသာ အာဆင်းနစ်ကုန်မယ်။ နောက်တနည်းကတော့ ဆန်ကို တညတာရေထဲစိမ်ထားရင် အာဆင်းနစ် ၈ဝ% ကင်းစင်မယ်။ အကောင်းဆုံးနည်းက ဆန်ကိုရေထဲမှာ တညစိမ်ထားပြီး အဲဒီရေကိုသွန်ရမယ်။ ပြီးရင် ရေ ၅ ဆနဲ့ချက်ပါ။

လင့်ကိုဖတ်ပြီး ဘာသာပြန်တာဖြစ်ပါတယ်။ ထမင်းကိုအဲလိုချက်ရင် စားလို့ကောင်း မကောင်း မသိပါ။ ဆန်အမျိုးအစား ကလည်း ရှိသေးတယ်။ ဆန်ဟောင်း ဆန်သစ်ကလည်းရှိသေးတာ။ အဲတာ ကနေ့ထုတ် အင်ဒီပင်းဒင့် သတင်းစာမှာ ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၇
http://www.independent.co.uk/life-style/health-and-families/health-news/rice-cooking-arsenic-traces-poisonous-boil-water-away-drain-excess-danger-food-a7568436.html

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး