Cytotec (Misoprostol) ဆေးသုံးနည်း



ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့စည်းကမ်းလိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာစုံအောင်ရေးပါတယ်။ ဆေးဘယ်မှာဝယ်ရမလဲ၊ ဘယ်ဆေးခန်းကနေလုပ်ပေးသလဲ မမေးပါနဲ့။ အထဲမှာမနေရလို့ မသိပါ။

Misoprostol (မစ်ဆိုပရိုစတောလ်) တမျိုးထဲနဲ့လည်း ကိုယ်ဝန်ဖျက်နိုင်တယ်။ ဒါပေမဲ့ ဆရာဝန်မပါဘဲ ကိုယ့်ဖါသာ မလုပ်သင့်ပါ။ သားအိမ်ကို ညှစ်စေပြီး အထဲက ကိုယ်ဝန်ကို အပြင်ထုတ်ပြစ်တယ်။ ဗိုက်နာလာပြီး သွေးဆင်းမယ်။ ရာသီလာတာထက် များမယ်။ ၈ဝ% မက ၉ဝ% အထိ အောင်မြင်မှုရှိတယ်။ ကိုယ်ဝန်ပိုရင့်နေရင် သွေးဆင်းတာ သိပ်များပြီး နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိနိုင်တယ်။ သွေးအားနည်းနေသူတွေ မသုံးသင့်ဘူး။ အရက်၊ မူးယစ်ဆေးနဲ့ မတွဲသင့်ဘူး။ သားအိမ်ပြင်ပ ကိုယ်ဝန်အတွက် မသုံးရဘူး။ IUCD/IUD ကိုယ်ဝန်တားပစ္စည်းထည့် ထားသူတွေလဲ မသုံးရပါ။

ဆေးနာမယ်တွေ အမျိုးမျိုးရှိတယ်။ Misoprostol, Cytotec, Alsoben, Arthrofen, Arthrotec, Artrotec, Asotec, Cirotec, Cyprostol, Cyrux, Cystol, Cytil, Cytolog, Cytomis, Cytopan, Gastec, Gastrotec, Gistol, GMisoprostol, Gustrul, Gymiso, Isovent, Kontrac, Mibetec, Miclofenac, Mirolut, Misel, Misive, Misoclo, Misofar, Misofen, Misogon, Misoplus, Misoprolen, Misoprost, Misotac, Misotrol, Noprostol, Oxaprost, Prestakind, Prostokos, Sintec, Vagiprost, Zitotec တွေဖြစ်တယ်။ 

(က) ၁၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း (မွေးလမ်းကြောင်းထည့်နည်း)၊
- Misoprostol 200 mcg ပါတဲ့ဆေးပြား ၁၂ ပြားလိုမယ်။ 
- Misoprostol 800mcg (၄ ပြား) ကို မွေးလမ်းကြောင်းကနေ ဝ နာရီတခါ၊ ၆ နာရီတခါ၊ ၁၂ နာရီတခါ စုစုပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် -
- Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၁၂ နာရီတခါ ပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် -
- Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၂၄ နာရီတခါ ပေါင်း ၃ ခါ ထည့်ပါ။ ဒါမှမဟုတ် -
- Misoprostol 800mcg ကို လျှာနဲ့ ပါးစောင်မှာ ၃ နာရီခြား ၃ ခါ ငုံထားပါ။
- ၁၂ နာရီအတွင်း ၇ဝ% အကုန်ပျက်ကျတယ်။
- ၂၄ နာရီအတွင်း ၈ဝ% အကုန်ပျက်ကျတယ်။
- ၄၈ နာရီအတွင်း ၉၅% အကုန်ပျက်ကျတယ်။
- သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာမခက်၊ ဈေးသိပ်မကြီး၊ သူ့အလိုလို ပျက်ကျသလိုနေ၊ ပျမ်းမျှ ၉၃% ထိရောက်မှုရှိ။ မွေးလမ်းကြောင်းကထည့်တာက ပါးစပ်ကသောက်တာနဲ့ ထိရောက်မှုတူပြီး၊ ဘေးထွက်ဆိုးကျိုး ပိုနည်းတယ်။ လေ့လာမှု တချို့အရ ပါးစပ်ကသောက်တာဟာ ထိရောက်မှုနည်းတယ်။ မွေးလမ်းကထည့်ရင် ဆေးပြားကို နဲနဲ စိုအောင်အရင်လုပ်ပါ။ အတွင်းထိရောက်ပါစေ။ ပါးစပ်ကနေ အရင်ငုံထားတာ မိနစ် ၃ဝ နေလို့မှ ဆေးက ပျော်မသွားရင်တော့ မျိုချပါ။

• ဆေး ပဌမ ၄ ပြားနောက် ၄ နာရီအကြာမှာ ဗိုက်နာပြီး သွေးဆင်းလာနိုင်တယ်။ ဒိထက်လဲ နောက်ကျနိုင်တယ်။ ကိုယ်ဝန်ရင့်နေရင် ရင့်သလို သွေးဆင်းများမယ်။ အခဲတွေလဲပါမယ်။ ကုန်ကာနီးရင် ပိုနာ၊ ပိုဆင်းမယ်။ နောက် ကုန်တာနဲ့ ရပ်သွားမယ်။ ၉ ပတ်အထိရှိနေတဲ့ ကိုယ်ဝန်ဆိုရင် ဆင်းတာထဲမှာ အိတ်ကိုပါ မြင်ရမယ်။
• ဆေး ၃ ခါသုံးပြီးနောက် သွေးမဆင်းရင် ဆေးသုံးဖျက်နည်းနဲ့ မရနိုင်ပါ။
• သွေးဆင်းတာများရင်၊ လူကလဲ သွေးအားနည်းနေရင် သွေးဖိအားကျပြီး၊ ခေါင်းမူးတာဖြစ်မယ်။ သွေးမဟုတ်ရင် Drip သွင်းဘို့ လိုနိုင်တယ်။ အိပ်ရာထဲမှာ လှဲနေရမယ်။ နားရမယ်။ ရေ-အရည် များများသောက်ရမယ်။
• ကိုယ်ပူပြီးချမ်းရင် နည်းနည်းဆိုကိစ္စမရှိပါ။ ၃၈ ဒီဂရီကျော်ရင် ပိုးသေဆေး၊ အဖျားကျဆေးတွေလိုမယ်။

သွေးဆင်းလာပေမဲ့ ကိုယ်ဝန် အကုန်မပျက်နိုင်တာ ၁ဝ% ရှိနိုင်တယ်။ ဆေးနည်းနဲ့ ထပ်လုပ်နိုင်တယ်။ ဒါလဲ မပျက်သေးဘဲ ရှိနိုင်တယ်။ ၁၄ ရက်နေလို့မှ မပျက်ရင် သားအိမ်ခြစ်ရမယ်။ ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပြီးနောက်မှာ မပျက်တာကို ကိုယ်ဝန်ကို ဆက်တည်စေချင်ရင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်နိုင်ခြေ နဲနဲရှိတယ်။ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေလျှင် တပါတည်းကုသပါ။

(ခ) ၁၃-၂၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) 400mcg ကို မွေးလမ်းကြောင်းကနေ ၃ နာရီတခါ၊ ပေါင်း ၅ ခါထည့်ပါ။

(ဂ) ၂၃ ပါတ်ကျော်နေတဲ့ ကိုယ်ဝန်ကို Misoprostol (Cytotec) ဆေးတမျိုးထဲနဲ့ ရနိုင်-မရနိုင် မသေခြာပါ။ Misoprostol Cytotec ဘေးထွက်-ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း။

(ဃ) Festone Combi-KIT (Mifepristone and Misoprostol) ပူးတွဲဆေးသုံးနည်း
အိန္ဒိယကထုတ်တယ်။ ဆေးပြား (၁ + ၄) ပါတဲ့ကပ်လေးနဲ့ လာတယ်။ ၁ လုံးတည်းပါတာကို အရင်သောက်ရမယ်။ ၂၄ နာရီကြာတော့ ကျန် ၄ လုံး ငုံထားရတယ်။

ဒေါက်တာတင့်ဆွေ

Cytotec ဆေးသုံးနည်းအချုပ်

ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့စည်းကမ်းလိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာစုံအောင်ရေးပါတယ်။ ဆေးဘယ်မှာဝယ်ရမလဲ၊ ဘယ်ဆေးခန်းကနေလုပ်ပေးသလဲ မမေးပါနဲ့။ အထဲမှာမနေရလို့ မသိပါ။

၁၂ ပါတ်အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း (မွေးလမ်းကြောင်းထည့်နည်း)၊
- Misoprostol 200 mcg ပါတဲ့ဆေးပြား ၁၂ ပြားလိုမယ်။
- Misoprostol 800mcg (၄ ပြား) ကို မွေးလမ်းကြောင်းကနေ ဝ နာရီတခါ၊ ၆ နာရီတခါ၊ ၁၂ နာရီတခါ စုစုပေါင်း ၃ ခါထည့်ပါ။ 
ဒါမှမဟုတ် -
- Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၁၂ နာရီတခါ ပေါင်း ၃ ခါထည့်ပါ။ 
ဒါမှမဟုတ် -
- Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၂၄ နာရီတခါ ပေါင်း ၃ ခါ ထည့်ပါ။ 
ဒါမှမဟုတ် -
- Misoprostol 800mcg ကို လျှာနဲ့ ပါးစောင်မှာ ၃ နာရီခြား ၃ ခါ ငုံထားပါ။
- ၁၂ နာရီအတွင်း ၇ဝ% အကုန်ပျက်ကျတယ်။
- ၂၄ နာရီအတွင်း ၈ဝ% အကုန်ပျက်ကျတယ်။
- ၄၈ နာရီအတွင်း ၉၅% အကုန်ပျက်ကျတယ်။

- သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာမခက်၊ ဈေးသိပ်မကြီး၊ သူ့အလိုလို ပျက်ကျသလိုနေ၊ ပျမ်းမျှ ၉၃% ထိရောက်မှုရှိ။ မွေးလမ်းကြောင်းကထည့်တာက ပါးစပ်ကသောက်တာနဲ့ ထိရောက်မှုတူပြီး၊ ဘေးထွက်ဆိုးကျိုး ပိုနည်းတယ်။ လေ့လာမှု တချို့အရ ပါးစပ်ကသောက်တာဟာ ထိရောက်မှုနည်းတယ်။ မွေးလမ်းကထည့်ရင် ဆေးပြားကို နဲနဲ စိုအောင်အရင်လုပ်ပါ။ အတွင်းထိရောက်ပါစေ။ ပါးစပ်ကနေ အရင်ငုံထားတာ မိနစ် ၃ဝ နေလို့မှ ဆေးက ပျော်မသွားရင်တော့ မျိုချပါ။

• ဆေး ပဌမ ၄ ပြားနောက် ၄ နာရီအကြာမှာ ဗိုက်နာပြီး သွေးဆင်းလာနိုင်တယ်။ ဒိထက်လဲ နောက်ကျနိုင်တယ်။ ကိုယ်ဝန်ရင့်နေရင် ရင့်သလို သွေးဆင်းများမယ်။ အခဲတွေလဲပါမယ်။ ကုန်ကာနီးရင် ပိုနာ၊ ပိုဆင်းမယ်။ နောက် ကုန်တာနဲ့ ရပ်သွားမယ်။ ၉ ပတ်အထိရှိနေတဲ့ ကိုယ်ဝန်ဆိုရင် ဆင်းတာထဲမှာ အိတ်ကိုပါ မြင်ရမယ်။
• ဆေး ၃ ခါသုံးပြီးနောက် သွေးမဆင်းရင် ဆေးသုံးဖျက်နည်းနဲ့ မရနိုင်ပါ။
• သွေးဆင်းတာများရင်၊ လူကလဲ သွေးအားနည်းနေရင် သွေးဖိအားကျပြီး၊ ခေါင်းမူတာဖြစ်မယ်။ သွေးမဟုတ်ရင် Drip သွင်းဘို့ လိုနိုင်တယ်။ အိပ်ရာထဲမှာ လှဲနေရမယ်။ နားရမယ်။ ရေ-အရည် များများသောက်ရမယ်။
• ကိုယ်ပူပြီးချမ်းရင် နည်းနည်းဆိုကိစ္စမရှိပါ။ ၃၈ ဒီဂရီကျော်ရင် ပိုးသေဆေး၊ အဖျားကျဆေးတွေလိုမယ်။ 

သွေးဆင်းလာပေမဲ့ ကိုယ်ဝန် အကုန်မပျက်နိုင်တာ ၁ဝ% ရှိနိုင်တယ်။ ဆေးနည်းနဲ့ ထပ်လုပ်နိုင်တယ်။ ဒါလဲ မပျက်သေးဘဲ ရှိနိုင်တယ်။ ၁၄ ရက်နေလို့မှ မပျက်ရင် သားအိမ်ခြစ်ရမယ်။ ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပြီးနောက်မှာ မပျက်တာကို ကိုယ်ဝန်ကို ဆက်တည်စေချင်ရင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်နိုင်ခြေ နဲနဲရှိတယ်။ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေလျှင် တပါတည်းကုသပါ။

Vagina ဗဂျိုင်းနားထဲကို ကိုယ်လက်နဲ့ကိုယ်ထည့်ရတာဖြစ်တယ်။ ကိုယ်အပူချိန်နဲ့ ဆေးက အရည်ပျော်သွားမယ်။ တချို့မှာ အရည်ပျော်တာ အတော်ကြာတတ်တယ်။ မထည့်ခင် ရေနဲ့စိုအောင်လုပ်ထားပြီး ၅-၁ဝ မိနစ်နေမှ ဗဂျိုင်းနားထဲထည့်ပါ။ လက်တဆုံးဆိုရပါတယ်။ အဝမှဆိုရင် ထွက်ကျတတ်တယ်။ အိပ်ယာထဲလှဲနေနိုင်ချိန်ဆို ပိုအဆင်ပြေမယ်။ ပါးစပ်ထဲ ချိုချဉ်ငုံသလိုလည်းရတယ်။ ဘေးထွက်ဆိုးကျိုးသာ နည်းနည်းလေးပိုခံစားရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး