Daily Alms ဆွမ်းတော်ဗျို့

ငယ်တုံးက ဇာတိမင်းရွာမှာ ဆွမ်းခံတာ တခါနှစ်ခါလိုက်ဖူးတယ်။ ဆိုင်းထမ်းတော့ မထမ်းဘူးခဲ့ရပါ။ ဆွမ်းတော်ဗျို့လည်း မအော်တတ်။ စာအံအပြီးမှာ ဆွမ်းကျန်တော့ အကြိမ်များစွာ စားခဲ့တယ်။ ဘုန်းကြီးကျောင်းသားရယ်လို့မဖြစ်ခဲ့ပါ။ အဲလိုစာတွေလည်း မတတ်ပါ။ မင်းရွာမှာ ပဲဟင်းကို မြေအိုးနဲ့ချက်ပြုပ်ပြီး၊ ထန်းသီးမှုတ်နဲ့ခပ်တာစားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၅
၂၅-၂-၂ဝ၁၇
Photo from Kaung Kin Moe

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး