Monday, February 20, 2017

စင်း နဲ့ စဉ်း

၁။ ကျွန်တော်မျက်သားတတ်နေလို့ မျက်ဆင်းခပ်ဖို့ဆေးနာမည်လေး လမ်းညွန်ပေးပါဆရာ

၂။ ကော်မျက်စင်းလိမ်းကြည့်ပါ

မျက်စဉ်းလို့ ရေးရတယ်။

စင်း
စင်းလုံးချော။
ဓါးတစင်း။
မြားတစင်း။
သဘောဖြူအူစင်း။
ဦးပဉ္ဇင်း။
ဖြောင့်စင်းသောသူ။
ဖြောင့်စင်းသည်။

စဉ်း
စဉ်းစဉ်းစားစားလုပ်ပါ။
စဉ်းစားနေသည်။
စဉ်းတီတုံး (နောက်သုံး)။
စဉ်းနှီးတုံး (ယခင်သုံး)။
စိုးစဉ်းမျှ သံသယမရှိ။
ဓါးဖြင့်စဉ်းသည်။
မျက်စဉ်း။
အသားစဉ်းကော။
ကောက်ကျစ်စဉ်းလဲသူ။
နုပ်နုပ်စဉ်းပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...