CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း

မနေ့က အပေါင်းအသင်းတွေ မူးယစ်ဆေးထိုးရာကနေ ပါးစပ်ကအမြှုပ်ထွက်ပြီး သတိလစ်ရာကနေ သေကြတယ်၊ အဲလိုမျိုးတွေ့ရင် ဘယ်လိုလုပ်ပေးရမလဲ မေးတာတယ်။ Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးနည်း လုပ်ပေးနိုင်ပါတယ်။

နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းများ
၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊
၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊
၃) Drowning ရေနစ်ခြင်း၊
၎) Drug Overdose ဆေးအလွန်များသွားခြင်း၊
၅) Poisoning အဆပ်သင့်ခြင်း၊
၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်း၊

နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ
A for Airway အေ အသက်ရှူလမ်းစစ်ဆေးပါ၊
B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊
C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊
D for Defibrillation လျပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်း၊

A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း၊
• နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊
• လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့်လူနာ၏လျာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်၊
• ထိုသို့မပိတ်စေရန် လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့  မ-တင်ပေးထားရမည်။

B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း၊
• အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းကလေထွက်မည်၊ ထွက်လေသည် အပြင်လေထက် အနည်းငယ်ပိုပူသည်။
• အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းလုပ်ပါ။

Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း
• ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။
• လူနာကို ပက်လက်လှန်ထားပါ။ မာသောကြမ်းပြင်ဖြစ်က ပိုကောင်းသည်။
• လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့မတင်ပေးပါ။
• လူနာ၏ပါးစပ်ကို ဖွင့်ထားပါ၊
• မိမိက လေတဝကြီးရှူလိုက်ပြီး၊ လူနာ၏ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။
• ပါးစပ်ဖွင့်မရပါက နှာခေါင်းကနေလေသွင်းပေးပါ။
• ပါးစပ်ဖွင့်ရပါက နှာခေါင်းကိုမိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေလေသွင်းပါ။
• ပဌမဦးစွာ (၂) ကြိမ်လုပ်ပါ။
• ထိုသို့လုပ်ရသည်မှာ အချိန် (၁) စက္ကန့်သာကြမည်။
• လူနာ၏အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင်လုပ်ရန်မလိုပါ။
• နှစ်ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။
• မရှူသေးပါက (စီ-ပီ-အာရ်) လုပ်ပါ။

C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း၊
• လည်ပင်းဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအားစမ်းပါ။ (ကရောတစ်အာထရီ) ဟုခေါ်သည်။ ၄င်းသည် သွေးခုန်ခြင်းမရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။

CPR (စီ-ပီ-အာရ်) လုပ်နည်း
• လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ၊
• မိမိက လူနာ၏ဘေးမှာ ဒူးနှစ်ဖက်ထောက်ထိုင်ပါ။
• လူနာမှ တင်းကြပ်နေသောအဝတ်အစားများ လျော့ပါ-ဖယ်ပါ။
• မိမိ၏လက်ဝါးနှစ်ဖက်ကို ထပ်လျက် လူနာ၏ရင်ပတ်အလယ်ကောင်တည့်တည့် နို့အုံနှစ်ဖက်၏အလယ်၊ ရင်ညွန့်ရိုးအပေါ်မှာ တင်ပါ၊
• မိမိ၏လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ကိုယ်အလေးချိန်ကို လက်နှစ်ဖက်အပေါ်သို့ပြောင်းရွှေ့ကာ မိမိ၏လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။
• နှစ်လက်မခန့်ကျသွားအောင်ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။
• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက်လုပ်ရမည်။
• အကြိမ် ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေးသွင်းခြင်း (၂)ခါလုပ်ရမည်။
• ရင်ပတ်ဖိ-ကြွခြင်းနှင့်ပါးစပ်မှလေသွင်ခြင်းကို စုစုပေါင်း (၂)မိနစ် သို့ မဟုတ် (၅)ပါတ် လုပ်ရမည်။

တနှစ်အောက်ကလေးအား (စီ-ပီ-အာရ်) လုပ်နည်း
• အသက်ရှူလမ်းစ်ဆေးပါ။ ပိတ်နေလျင်ဖွင့်ပါ။
• လေနှစ်ကြိမ် ညင်သာစွာသွင်းပေးပါ။ ကလေး၏ ပါးစပ်ရောနှာခေါင်းပါ မိမိ၏ပါးစပ်က ငုံလျက်သွင်းပါ။
• ကလေး၏ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။ တမိနစ်လျင် အကြိမ် ၂ဝဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေသွင်းရမည်။
• လူကြီးကဲ့သို့ အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်ပေးရမည်။
• စုစုပေါင်း (၂)မိနစ် သို့မဟုတ် (၅)ပါတ် လုပ်ရမည်။

နှလုံး-အဆုပ် ပြန်လည်လုပ်စေရန် အရေးပေါ် ဆောင်ရွက်နည်း ၂ဝ၁ဝ မှာ ထူးခြားတာကတော့ နှလုံးနေရာ ဖိပေးတာကို ဦးစားပေး အရင်ဆုံး လုပ်ပါတဲ့။ လူတယောက် ကောက်ခါ-ငင်ကာ နှလုံးသွေးရပ် မတ်တပ်ကနေလဲရင် ချက်ချင်း ရင်ညွန့်ရိုးပေါ်မှာ ဖိချပေးပါ။ ပါးစပ်ကနေ မှုတ်တာ နောက်မှ၊ လိုမှ လုပ်ပါ။ ကြမ်းပြင်မာမာမှာ လူနာကို လှဲထား။ သူ့ ရင်ညွန့်ရိုးပေါ်မှာ ကိုယ့်လက်ဝါးပြင် နှစ်ခုထပ်ပြီး လက်ဖနောင့်နဲ့ မိမိရရ ဖိချပါ။ လူကြီးဆိုရင် အောက်ကို ၂ လက္မ ကျသွားအောင်၊ ကလေးဆိုရင် ၁ လက္မခွဲ ပိကျသွာစေအောင် ဖိရမှာပါ။ တမိနစ်မှာ အကြိမ် ၁ဝဝ နှုန်း။ ဆိုချင်တာက တခါနဲ့ တခါ ၁ စက္ကန့်တောင် မကြာစေပါနဲ့။

မမေ့အောင်ပြောရရင် ဟိုအရင် ၁၉၇၇ စနေ-ညချမ်း-အဖျားထဲက ပေါ့ပ်-ဒစ်စကို သီချင်းဟာ နံပါတ်တစ်စွဲခဲ့တယ်။ သူတို့ သီချင်းက (ပါကားရှင်း) ကလဲ တမိနစ်မှာ ၁ဝဝ၊ နာမယ်ကလည်း Stayin' Alive ပါ။ နှလုံးရပ်ရင် အသက်ပြန်ရှင်အောင် တမိနစ်မှာ အကြိမ် ၁ဝဝ ဖိချပေးပါလေ။

Dr. တင့်ဆွေ

Comments

  1. တနှစ်အောက်ကလေးအား (စီ-ပီ-အာရ်) လုပ်နည်းမှာ
    တမိနစ်လျင် အကြိမ် ၁ဝဝ မှ ၁၂ဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေသွင်းရမည်လို့ ပြင်ဆင်ဖတ်ရှုပါရန်။ ပို့စ်ကို ပြင်မရပါ။ ဆောရီး။

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး