Life is fun ဘဝဆိုတာ ရီစရာလည်းပါ

စာသင်တာမှာ ရီစရာပါမှ ပိုမှတ်မိကြတယ်။ ဒေလီက ယမုန်နာဆေးခန်းနောက်ဆုံးနေ့က ရိုက်တဲ့ဓါတ်ပုံထဲမှာ ငါ့တပည့်တွေ ပြုံးနေကြတာက ဆရာသွားတော့မှာမိုလို့လားလို့ ပြောလိုက်တယ်။ သူတို့က ဆရာအမေရိကသွားရင် လေဆိပ်လိုက်ပို့တော့ ငိုကြရအုံးမယ်တဲ့။ ဟာ့ မပို့ကြနဲ့၊ မင်းတို့ လိုက်လာရင် မျက်ရည်မကျဘဲ ရီစရာတွေပဲ ပြောဖြစ်နေမယ်။

၂၇ နှစ်အတွင်း အနားမှာ ဗမာစကားအကုန်မတတ်သူတွေသာများလို့ ရီစရာပြောပြီးရင် ဘာသာကပြန်နေရသေးတော့ မရီရတဲ့အပြင် ရီတောင်ရီရသေး။ လက်အိတ်ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ။ Love ရှေ့ကနေ G ထည့်လိုက်ပါ။ မမေ့ကြတော့ဘူးမဟုတ်လား။ ကိုယ်ဝန်လူနာကို စမ်းပေးနေတဲ့ ဆရာမလေးတွေ ဘီးကြိုက်ကိုမသိကြလို့ ပြောင်းပြန် ဖေါ်ပေးတာ လိုက်မမီကြလို့ ခက်ရော။ သူထင်နေတာက ကြိုက်ဘီးတဲ့၊ ပြီးကြရော့။

ပြောလို့သာပြောရတာပါ။ တကယ်ဘဝမှာတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲကလူတွေ ကွယ်လွန်တဲ့အခါ အမျိုးမတော်ပေမယ့် မျက်ရည်ကျမိတာ ၂-၃ ခါရှိခဲ့တယ်။

ဓါတ်ပုံ = ၁၃-၉-၂ဝ၁၄ နေ့ ယမုန်နာဆေးခန်း နောက်ဆုံးနေ့

ဒေါက်တာတင်ဆွေ
၉-၂-၂ဝ၁၆
၉-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ