Whom to Blame ထမင်းရေပူ

မြန်မာစာမှာ အလွဲအမှားလေးတွေကိုရေးတော့ ဖတ်တဲ့သူက အတော်ကိုများပြီး ကွန်မင့်တွေကလည်း များတယ်။ နှစ်ယောက်ကိုတော့ ဆဲတဲ့အသုံးပါလို့ ဘလော့ခ်တယ်။ တလောကပဲ ဆဲရေးတဲ့သူ မရှိသလောက်နည်းသွားပြီလို့ ဝမ်းသာအားရ ရေးမိသေးတယ်။ တခြားနေရာတွေတော့ မသိပါ။ ကျွန်တော့်နေရာမှာ ဆဲတာ သိသိသာသာနည်းသွားပြီ။ ကျွန်တော်က တံမြက်စည်းလှဲတယ်။

ကွန်မင့်တွေထဲမှာ ပါမောက္ခတွေကို အပြစ်မတင်ပါနဲ့၊ စစ်တပ်အသိုင်းအဝိုင်းလို့ မထင်ပါနဲ့၊ လူတိုင်းမှားတတ်ကြလို့ ခွင့်လွှတ်ပေးဘို့၊ အခုအစိုးရကိုရေးသလို နောက်အစိုးရကိုလည်းရေးရဲလားတဲ့။ အစွဲဆိုတာတော့ ရှိပါတယ်။ မှန်စေချင်တဲ့အစွဲပါ။

သင်မပေးရင် ဆက်မှားတယ်။ အမြဲတန်းသင်ယူနေကြရပါတယ်။ တပည့်မကောင်းဘယ်ဝါဆိုတာ လူတိုင်းသိပါတယ်။ အဲတာက တာဝန်ရှိတာကိုပြောတာ။ ထောက်ပြစရာတွေရှိရင် ခေါင်းလိုက်ရှာကြတာဟာ ဒီထုံးနှလုံးမူတာ ဖြစ်တယ်။

စာမေးပွဲမေးခွန်းဆိုတာ အလွန်သိသာထင်ရှားတဲ့နမူနာဖြစ်လို့ထောက်ပြတာဟာ တရားနည်းလမ်းကျတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ ကျွန်တော်တော့ မသိပါ။ ထမင်းရေပူလျှာလွှဲနေလည်း အမှားနည်းစေမှာ မဟုတ်ပါ။

ကျန်းမာရေးမေးတာမှာ ဘာလို့ဖြစ်တာလည်းနဲ့ စိုးရိမ်ရလားလို့ချည်းမေးရင် မဖြေချင်ပါ။ ဘယ်လိုပျောက်အောင်လုပ်ရမလဲ ကိုသာ ပိုဖြေချင်တယ်။ ဘယ်လိုကာကွယ်ရမလဲကိုတော့ မမေးပဲဖြေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၆
Photo from Umyintthan Tun

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး