Saturday, February 25, 2017

Common Opposites တူညီသော ဆန့်ကျင်ဖက်များ

ကလေးမရသေးသူတွေနဲ့ ရှိနေတဲ့ကိုယ်ဝန်မလိုချင်သူတွေက မမေးတဲ့နေ့ မရှိပါ။ တနေ့တည်းမှာ ၃-၄-၅ ယောက်ကနေ မေးကြတယ်။

ကိုယ်ဝန်မရသေးရင် ဇနီးရော ခင်ပွန်းကိုပါကြည့်ရတယ်။ အမျိုးသမီးမှာ ရာသီလ မှန်နေရမယ်။ မမှန်စေတဲ့အကြောင်းရင်း ရှာရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ မျိုးဥထွက် မထွက် စမ်းရင်သိမယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါ (အလုံး-အကျိတ်-အိတ်) မရှိရ။ သားအိမ်ပြွန် ပွင့်နေရမယ်။ လိုအပ်ရင် ယောက်ျားသုက်ရည်စစ်ရမယ်။ အရေအတွက်ရော အရည်အသွေးပါမီရမယ်။ ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ်။ လည်ပင်းကြီးဟော်မုန်းလိုအပ်သူ စစ်ရမယ်။ စသည်။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://doctortintswe.blogspot.com/2015/10/facts-to-get-pregnant.html ကိုဖတ်နိုင်ကြပါတယ်။

တယောက်နဲ့တယောက်မတူကြပါ။ မျိုးဥထွက်ဆေး မေးသူတွေ မျိုးဥမထွက်မှသာ သောက်ရတယ်။ ထွက်-မထွက် စစ်နည်းရော ဆေးသောက်နည်းရော ရေးထားတယ်။ ဖေါလစ်အက်စစ်မေးတယ်။ ရေးထားတယ်။ ကိုယ်ဝန်ရစေတဲ့ဆေး မဟုတ်ပါ။ ရရင်သာ ကလေးဦးနှောက်နဲ့ အာရုံကြော ချို့ယွင်းချက် မပါစေဘို့သာဖြစ်တယ်။ ဗီတာမင်အီးမေးတယ်။ ရေးထားတယ်။ တခြားဟာတွေ မေးကြတယ်။ ရေးထားတယ်။

ကိုယ်ဝန်မလိုချင်သူတွေကို ပြောပါရစေ။ ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့ ကျင့်ဝတ်ကို လိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလည်းမညွှန်ပါ။ ဆေးစာတွေသာ စုံအောင်ရေးပါတယ်။

Cytotec (Misoprostol) ဆေးသုံးနည်း http://doctortintswe.blogspot.com/2014/11/cytotec-misoprostol_4.html ကိုရှာဖတ်နိုင်ကြပါတယ်။

ဆေးကို ဘယ်လိုသောက်ရမလဲ။ ဘယ်မှာဝယ်ရမလဲ၊ ဘယ်ဆေးခန်းကလုပ်ပေးသလဲ မမေးပါနဲ့။ မသိပါ။ ကျွန်တော်က ဆေးညွှန်တာလို့ မမှတ်ယူသင့်ပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...