ရေးတော့အမှား ဖတ်ကားတလွဲ

ကချင်လျက် လက်ကျိုး စကားပုံရှိတယ်။ ဖတ်တဲ့အခါ သတိထားရတယ်။ ကဂျင်ရက်လို့ ထွက်ရတယ်။ ကချင်ဆိုရင် လူမျိုး ဖြစ်သွားမယ်။

ရေးတော့အမှန် ဖတ်တော့အသံဆိုတာ အဲတာမျိုးကိုပြောတာဖြစ်ပါတယ်။ ခေါင်းကိုက် (ဂေါင်းကိုက်) ကလည်း အတူတူပဲ။

ရေးတော့အမှန် ဖတ်တော့အသံစည်းမျဉ်းကို တလွဲသုံးနေကြတာ တွေ့နေရတယ်။ နေ့တိုင်း မနက်ည ဖတ်နေရတာရှိတယ်။ ကျွန်တော် တစ်ခုမေးပါရစေ။ ကျမ တစ်ခုမေးပါရစေ။ အဲတာကို တခုမေးပါရစေလို့ အသံမထွက်ရပါ။ တစ်ကို တစ်သံသာ ထွက်ရတယ်။ တစ်ခါတစ်ရံကို တခါတရံလို့ထွက်ခိုင်းတာ မှားတယ်။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး