Pepper-spray ငရုတ်သီးသေနတ်

အမျိုးသမီး-မိန်းကလေးတွေအတွက် ကိုယ့်ကိုယ်ကို ကာကွယ်ရေးသုံး Pepper-spray ငရုတ်သီးသေနတ်မှာ Capsicum (ကက်ပစီယန်) ပါတယ်။ ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။ Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။ Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင်နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း၊ ၂ သိန်းခွဲယူနစ်ရှိတယ်။ Law Enforcement Grade Pepper Spray ရဲတွေသုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။

ငရုတ်သီးသေနတ်နဲ့ အပစ်ခံရရင်
• မျက်စိကို ရောင်ရမ်းဖြစ်စဉ် ချက်ချင်းဖြစ်လာစေမယ်။ မျက်စိကိုပိတ်လိုက်ရမယ်။
• အသက်ရှူရလဲ ခက်စေမယ်။ နှာရည်ယိုမယ်။ ချောင်းဆိုးမယ်။
• ဘယ်လောက်ခံသလဲဆို ဘယ်လောက် ပြင်းတာ သုံးသလဲအပေါ်မှာ မူတည်တယ်။
• ပျမ်းမျှ မိနစ် ၃ဝ ကနေ ၄၅ မိနစ်ကြာတယ်။
• တကြိမ်ထဲထိရင် မျက်စိကို နာတာရှည် ဆိုးကျိုးတွေ မရစေပါ။
• ၁၅-၃ဝ မိနစ်တော့ မျက်စိကြည့်မရဖြစ်လိမ့်မယ်။ အရေပြား ပူလောင်နေတာကတော့ ၄၅-၆ဝ မိနစ်ကြာမယ်။
• ၃-၁၅ မိနစ် စကားမပြောနိုင်ဖြစ်မယ်။

ဖြစ်ခံရတာကို ဘယ်လိုကုမလဲ
• (ကက်ပစီကန်) ဟာ ရေထဲမပျော်ဝင်ဘူး။ ရေးဆေးလို့ မထူးလှဘူး။ မျက်တောင်ကို ခပ်ကြမ်းကြမ်း ခဏခဏ မှိတ်-ဖွင့်လုပ်ပါ။ မျက်ရည်များများထွက်လာမှ သက်သာမယ်။
• Contact lens solution မျက်ကပ်မှန်ဆေးရည်ကလဲ သက်သာစေတယ်။
• အရေပြား ပူလောင်နေတာအတွက် ထုံဆေး 2% lidocaine gel သုံးနိုင်တယ်။ ကလေးခေါင်းလျှော်ရည်၊ နွားနို့နဲ့ ရေသုံးပြီး ဆေးကြောပါ။
• အရေပြား လောင်တဲ့နေရာကို မထိမကိုင်ပါနဲ့။
• Triple-action pepper sprays အမျိုးအားထဲမှာ Tear gas (CS gas) မျက်ရည်ယိုဓါတ်ပါတယ်။ Sodium metabisulfite (Campden tablets) နဲ့ ဓါတ်ပျယ်စေနိုင်တယ်။

လူစုလူဝေးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှာလည်းသုံးတယ်။ ၁၃-၂-၂ဝ၁၄ နေ့က အိန္ဒိယပါလီမန်မှာ အမတ်တွေက ပြည်နယ်သစ် အရေးမှာ အချင်းချင်းအခြေတင်ဖြစ်ရာကနေ သုံးခဲ့ကြလို့ လွှတ်တော်သုံးလက်နက်လို့ ခေါ်နိုင်လာပါပြီ။ Smile!

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၆
၂၂-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး