Country-lovers Day တိုင်းပြည်ချစ်သူများနေ့

(ချစ်သူများနေ့ဆိုတဲ့ရက်တွေမှာ တင်ရတဲ့စာ)

• မြန်မာပြည်မှာ တမာ၊ လက်ပံ၊ ချိုးငှက်သံ၊
• နွေအငွေ့အမှန်၊ တောင်လေနဲ့အတူပြန်။
• ဒေလီမှာတော့ ဟိမဝန္တာလေက ပေနေဆဲ၊
• အေးရတဲ့အထဲ မိုးဖွဲဖွဲကျလို့၊ နေရထိုင်ရ ကျဉ်းကြပ်လှတုန်းပဲ။

• အခုနေတဲ့နေရာ အမေရိကမှာ အာတိတ်ကလေလာမယ်ဆိုပဲ၊
• နှင်းတွေက နေ့ရောညပါ ကျနေဆဲ။
• ဥတုသုံးပါးခံပါတဲ့ တို့မြန်မာတွေမှာ၊ နေသာတယ်မရှိ၊
• သူ့ကြည့်လဲ တဒုက္ခ၊ ကိုယ့်ကြည့်လဲ တဒုက္ခ၊

• တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ ဒါတို့ပြေ ဒါတို့မြေ၊
• ကြွေးကြော်သံကြီး မြည်ဟီးခိုင်မာစေ။ ။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄
၉-၂-၂ဝ၁၅
၉-၂-၂ဝ၁၆
၉-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး