Samples ညပိုင်းမှာလာ နမူနာ

အမေး = ဆရာမင်္ဂလာပါရှင့် သားဥပြွန်မှာရေအိတ်တည်နေရင် ဆိုးရိမ်ရပါသလား ဘာဆေးသောက်သင့်ပါသလဲ နောက်ဆက်တွဲ ဆိုးကျိုးဘာတွေဖြစ်နိုင်လည်း ဖြေပေးပါဆရာ ဘာကြောင့်ရေအိတ်တည်တယ်ဆိုတာဘာဖြေပေးပါဆရာ

အဖြေ = ဆိုးရိမ် မဟုတ်။ စိုးရိမ်လို့သာ ရေးရတယ်။ ရောဂါဆိုးမှကို စိုးရိမ်သည်။ ဆေးအရောင်ဆိုးသည်။
မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။

အမေး = ဆရာရှင့် သမီးအသက်က ၂၁ ခုသမီးမှာ ကျောက်ဖြူပေါက်နေပါတယ်ရှင် ဘယ်လိုကုသရမလဲပြောပြပေါ့ရှင် ဘာကြောင့်ခုလိုကျောက်ဖြူဖြစ်ရတာပါလည်းရှင် ပြောပြပေးပါရှင့် အထက်ကစာရေးတာမှားသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့်

အဖြေ = ရောဂါအမည်အခေါ် နေရာအလိုက် မတူကြပါ။ ရေကျောက်ဆိုတာတော့သိတယ်။ ခံစားနေရတာ ၁-၂-၃ ပြောပါ။

အမေး = ဆရာရှင့်ကျွန်မအမျိုးသား အသက် ၃၀ ပါရှင့် ရန်ကုန်ကပါ မနက်ကသူဝမ်းသွားတာ ပျစ်ချွဲချွဲအကြည် ဂျယ်လီလိုဟာမျိုးတွေ ပါလာလို့ ဘာဖြစ်သလဲသိချင်ပါတယ်ရှင့် အရင်ကလဲ မကြာမကြာဝမ်းသွားရင် သွေးနဲနဲပါတတ်ပါတယ် အဲ့လိုသွေးပါပြီးရင်အောင့်နေတတ်ပါတယ်ရှင့် ဖြေပေးပါအုံးရှင့် ဆရာကျန်းမာပါစေ

အဖြေ = ဝမ်း အကြိမ် အရေအတွက် မသိ။ ဗိုက် နာ မနာ မသိ။

ပြန်ပြော = အသေးစိတ်ပြောခိုင်းနေတယ်

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး