Rapid weight gain for baby ကလေးရုတ်တရက် အလေးချိန်တိုးခြင်း

ဆရာရှင့် ကျွန်မအသက်၂၈ ပါ၊ သားဦးပါ။ သူငယ်နာပေါင်တိုးဆိုတဲ့ရောဂါဆိုတာ မကြားဖူးဘူးလို့ပါ။ အသိတယောက်ရဲ့ ကလေး ရုတ်တရက်ဆုံးသွားလို့ ဘာကြောင့်လဲမေးတော့ အဲ့ရောဂါကြောင့်တဲ့လေ။ ကလေးကမွေးစက ၅ ပေါင်ရှိတာ။ ၁ လခွဲမှာ ၁၀ ပေါင်ခွဲဖြစ်ပြီး အကောင်းပကတိ လန်းလန်းဆန်းဆန်းနဲ့ ညအိပ်နေရင်းဆုံးတာတဲ့။ ရန်ကုန်မှာ ကလေးတွေ အဖြစ်များတယ် ပြောကြတာပဲ။ အဲ့တာ ဘယ်လိုရောဂါမျိုးပါလဲ။ ဘယ်လိုတွေဖြစ်တတ်ပါသလဲ။ ကာကွယ်လို့ရောရလား။ ဘယ်လိုအခြေအနေမှာဖြစ်တတ်ပါသလဲ။ ကျွန်မက နောက်လမွေးမှာမို့ သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေ။

ကျွန်တော်လည်း သိပ်မသိပါ။

Sudden Infant Death Syndrome ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာရှိတယ်။ ဖြစ်စေနိုင်တဲ့အကြောင်း (၂) မျိုး ရှိတယ်။
၁။ ရုပ်ပိုင်းချို့ယွင်းချက်များ
Brain abnormalities ဦးနှောက်မူမမှန်ဖြစ်ခြင်း၊
Low birth weight ကလေးချိန်မပြည့်ခြင်း၊
Respiratory infection အသက်ရှူလမ်းရောဂါပိုးဝင်ခြင်း။

၂။ Sleep environmental factors အိပ်စက်ခြင်းမူမမှန်ဖြစ်ခြင်း
Sleeping on the stomach or side ကလေးအိပ်စက်ပုံအနေအထား၊
Sleeping on a soft surface အောက်ခံပြော့လွန်းခြင်း၊
Sleeping with parents မိဘတွေနဲ့ အတူသိပ်ခြင်း။

Risk factors ဘယ်လိုကလေးတွေမှာ အဖြစ်များသလဲ
Sex ယောက်ျားလေးတွေပိုဖြစ်တယ်။
Age အက် ၂ လနဲ့ ၃ လမှာ အဖြစ်များတယ်။
Family history မိသားစုလိုက်တယ်။
Secondhand smoke အနီးအနားမှာ ဆေးလိပ်သောက်သူရှိနေခြင်း၊
Premature စောမွေးတဲ့ကလေးဖြစ်ခြင်း။

တနှစ်အောက်ကလေး သေဆုံးရခြင်းအကြောင်းရင်းတွေကို သုတေသနလုပ်ထားတာရှိတယ်။

တကမ္ဘာလုံး (၂ဝ၁ဝ)
၁။ Neonatal encephalopathy ဦးနှောက်ချို့ယွင်းချက်များ (ကလေးဖွားစဉ်ထိခိုက်မိခြင်း၊ အောက်စီဂျင်မရခြင်း)
၂။ Infections, especially blood infections ကူးစက်ရောဂါများ။ အထူးသဖြင့် သွေးကတဆင့်ကူးစက်ရောဂါများ
၃။ Complications of preterm birth စောမွေးရာမှဆက်ဖြစ်သည်များ
၎။ Lower respiratory infections အသက်ရှူလမ်းရောဂါများ။ အထူးသဖြင့် တုပ်ကွေးနှင့် နူမိုးနီးယား
၅။ Diarrheal diseases ဝမ်းပျက်ရောဂါများ

ယူအက်စ်အေ (၂ဝဝဝ)
၁။ Birth defects မွေးရာပါချို့ယွင်းမှုများ
၂။ Preterm birth and low birth weight စောမွေး + အလေးချိန်နည်းမွေးခြင်း
၃။ Sudden Infant Death Syndrome (SIDS) ရုတ်တရက်သေဆုံးရခြင်း ဆင်ဒရုမ်း
၎။ Pregnancy complications မူမမှန်ကိုယ်ဝန် (High blood pressure ကိုယ်ဝန်သွေးတိုး၊ Gestational diabetes ကိုယ်ဝန်ဆီးချို၊ Preeclampsia ကိုယ်ဝန်အဆိပ်သင့်ခြင်း)
၅။ Pregnancy loss ကိုယ်ဝန်ပျက်ခြင်း-ဖျက်ခြင်း
၆။ Accidents မတော်တဆဖြစ်ခြင်း။

သုတေသနတခု
၁။ အချိန်စောမွေးခြင်းနှစ့် အလေးချိန်မပြည့်ခြင်း = ၃၁%
၂။ ကူးစက်ရောဂါများ = ၂၅%
၃။ မွေးဖွားချိန်အသက်ရှူမဝခြင်းနှင့် ထိခိုက်မှုများ = ၂၃%
၎။ မွေးရာပါချို့ယွင်းချက်များ = ၉%
၅။ မီးတွင်းမေးခိုင်ရောဂါ = ၃%
၆။ ဝမ်းပျက်ခြင်း = ၃%
၇။ အခြားအကြောင်းများ = ၆%

သုတေသနတခု
ဝ-၄ ပတ်အတွင်းသေဆုံးရခြင်းအကြောင်းရင်းများ
၁။ အလေးချိန်နည်းခြင်းနှင့် စောမွေးခြင်း
၂။ မွေးဖွားစဉ် ထိခိုက်မှုများနှင့် ခက်ခဲစွာမွေးရခြင်း
၃။ ပိုးဝင်ခြင်း
၎။ မွေးရာပါချို့ယွင်းချက်များ
၅။ သွေးရောဂါများ
၆။ အချင်းနဲ့ဆက်စပ်ခြင်းခြင်းများ
၇။ ဝမ်းပျက်ခြင်း
၈။ အသက်ရှူလမ်းရက်တိုရောဂါများ
၉။ မေးခိုင်ရောဂါ

၁-၁၂ လ
၁။ ဝမ်းပျက်ခြင်း
၂။ အသက်ရှူလမ်းရက်တိုရောဂါများ
၃။ အခြားကူးစက်ရောဂါများ
၎။ အာဟာရချို့တဲ့ခြင်း
၅။ မွေးရာပါရောဂါများ
၆။ မတော်တဆမှုများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး