Herpes IgG Test ရေယုံစစ်ခြင်း

ဆရာရှင့် အသက် ၃၆၊ မ၊ အိမ်ထောင် ရှိ။ ကျန်းမာရေးအတွက် STD သွေးစစ်ကြည့်တာ အဖြေကဒီလိုထွက်လာပါတယ်။ နားမလည်လို့ ရှင်းပြပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

HVS IgG = ရေယုံပိုး ရှိ။ ကျန်တာ မရှိ။

ဆရာ အဲ့တာက စိုးရိမ်ရပါလားရှင့်။ ဘာတွေဆောင်ရန်ရှောင်ရန်ရှိပါသလဲရှင်။ လိင်ဆက်ဆံလို့ရော ရပါသေးလားဆရာ။ ကျမက ကလေးမရှိသေးပါဘူးဆရာ။ ကလေးလိုချင်လို့ပါ။ ကလေးယူရင် ကလေးကိုကူးစက်သွားနိုင်ပါသလားရှင်။

Herpes IgG tests ဆိုတာ herpes simplex virus (HSV) ရေယုံဗိုင်းရပ်စ်ကိုစမ်းတာဖြစ်တယ်။ သွေးထဲမှာ ပိုးကိုဆန့်ကျင်တဲ့ အင်တီဘော်ဒီရှိ မရှိ စမ်းတာ။ ရှိနေသူဟာ အရင်က ပိုးဝင်ခံထားရသူဖြစ်မယ်။ လိမ်လမ်းမှာ ရေယုံနာ ရှိချင်မှသာ ရှိမယ်။ အနည်းဆုံးလေးလလောက်က ပိုးဝင်ထားသူသာ စမ်းတွေ့တယ်။ ရေယုံနာကိုစစ်ရင်မြန်တယ်။

ရေယုံစစ်နည်း ၂ နည်းရှိတယ်။ IgG နဲ့ IgM နည်းတွေ။ IgM antibodies ကို ပိုးဝင်ခံရပြီး ၇-၁ဝ ရက်နဲ့သိတယ်။ ၂ ပတ် လောက်ထိ များနေပြီး ပြန်ကျသွားတယ်။

IgG tests နည်းနဲ့ HSV-1 နဲ့ HSV-2 ကိုခွဲခြားနိုင်တယ်။ HSV-1 ပိုက ပါးစပ်ရေယုံဖြစ်စေတယ်။ HSV-2 ပိုးက လိင်လမ်းမှာ ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ HSV-1 ကို လိမ်လမ်းမှာတွေ့လာရတယ်။ ဒါကြောင့် IgG ရော IgM tests ပါ ပိုးဝင်ခံထားရတာလို့ပြောနိုင်တယ်။

IgG မှာ အပေါင်းပြပြီး IgM အနုတ်ပြသူဟာ ကူးစက်ခံထားရတာ ကြာနေသူမယ်။ ၂ လဖြစ်နိုင်တယ်။ လတ်တလော ကူးစက်ထားရင် ၂ နည်းလုံးမှာ + ပြမယ်။ IgM တခုတည်းသာ + ပြတာလည်းဖြစ်နိုင်တယ်။ ကူးစက်ခံထားရသူ ၃ဝ% ကနေ ၇ဝ% မှာ IgM + ပြတယ်။

ဆက်စပ် ဖတ်နိုင်တဲ့စာတွေ -
1. Genital Herpes Antiviral Medicines လိင်လမ်းရေယုံဆေးများ
2. Genital herpes လိင်လမ်း ရေယုံ
3. Herpes drug reduces HIV levels ရေယုံဆေးကြောင့် HIV ကပိုးနည်းစေနိုင်
4. Herpes Simplex ရိုးရိုး ရေယုံ
5. Herpes simplex ရေယုံနဲ့ ရေသီးသူကို ရေမန်းနဲ့ကုသခြင်း
6. Herpes Zoster ကြီးမှပေါက်တဲ့ ရေကျောက်
7. Shingles (ရှင်းဂဲလ်)

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး