Whiteboard Markers ဝှိုက်ဘုတ် မတ်ကာ

မြေဖြူအကြောင်း ရေးတော့ မေးကြတယ်။ ဝှိုက်ဘုတ် မတ်ကာကရောတဲ့။ ဆရာဆရာမတွေက မြေဖြူထက်သုံးရတာ အဆင်ပြေလို့ သဘောကျသူတွေရှိသလို အဝတ်အစားတွေပေလို့ မကြိုက်ကြသူတွေလည်းရှိတယ်။ ကလေးတွေကတော့ ပေပွနေတာကို သဘောကျတယ်။ မြေဖြူလိုပဲ ကျန်းမာရေးမှာ ပန်းနာရှိသူ ရောဂါထစေနိုင်တယ်။

အဲတာမျိုးကို Dry Erase Markers လို့ခေါ်တယ်။ အနံ့ပြင်းသော အခြောက်ဖျက်စရာများ။ သုံးနေတာ နှစ် ၂ဝ ကြာတော့ စိုးရိမ်သူတွေက ဦးနှောက်ကို ထိခိုက်မလားအထိ လေ့လာကြတယ်။ အနံဆင်တဲ့ သုတ်ဆေးဖျက်ဆေး၊ ဒီဇယ်နံ့တွေက ဦးနှောက်အတွက်စိုးရိမ်စရာမရှိပါတဲ့။ မကောင်းတာပါဝင်မှုနည်းတယ်။ အဲလိုအနံ့တွေဝင်ရင် အသည်း၊ ကျောက်ကပ်၊ အဆုပ်နဲ့ ဦးနှောက်ကို သက်ရောက်နိုင်တာ များများနဲ့ တာရှည်မှဖြစ်နိင်တယ်။

ဝှိုက်ဘုတ်မတ်ကာထဲမှာ Methyl isobutyl ketone (2-Butanone) ဗျူတာနုန်းဓါတ်ပါတယ်။ မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းကို ကလိစေတယ်။ အသည်း၊ ကျောက်ကပ်၊ အာရုံကြောနဲ့ အသက်ရှူလမ်းကို သတိထားသင့်တယ်။ ၁၅ မိနစ် ဆက်တိုက်သုံးတာထက် မပိုသင့်ပါ။

အနံ့က Xylene ဇိုင်လင်းဓါတ်ပါတယ်။ ကတ္တရာစေးကနေထုတ်ယူထားတာဖြစ်တယ်။ ရေရှည်နဲ့ အဆများရင်တော့ သတိထားစရာတွေရှိတယ်။ ခေါင်းကိုက်မယ်။ ကြွက်သားတွေပူးတွဲလုပ်ဆောင်တာကိုထိခိုက်မယ်။ ခေါင်းမူးမယ်။ စိတ်ရှုပ်ထွေးမယ်။ ကင်ဆာဖြစ်မလား လေ့လာမှုမစုံသေးပါ။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး