Warning မြန်မာပြည်ကကုန်ပစ္စည်းများ အမေရိကမှာ သတိပေးထား

ဆရာ New York ကဆေးရုံမှာတွေ့ခဲ့လို့ အများသိအောင်ရှယ်ပေးပါနော်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ဆေးရုံတရုံက သတိပေးချက်ဖြစ်ပါတယ်။ မြန်မာပြည်က အလှကုန်တွေ ထင်ပါတယ်။ ဘာသာပြန်ရရင် -

ဤကုန်ပစ္စည်းများထဲတွင် ခဲဓါတ်များပါဝင်မှုမြင့်မား။ ပါးစပ်ထဲဝင်ပါက အန္တရာယ်ရှိ။ ကိုယ်ဝန်ဆောင်များ ကလေးများ မသုံးစွဲသင့်။ ဤကုန်ပစ္စည်းများအားမျိုချမိပါက အန္တရာယ်ရှိသည်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၇

ရွှေပြည်နန်း

11:44PM
ဆရာဦးတင့်ဆွေခင်ဗျာ ကျွန်တော်က ရွှေပြည်နန်း company ရဲ့ ရှေ့နေပါ။ ဆရာရဲ့ပို့ကို ကျွန်တော်ဖတ်ရပါတယ်။ လက်ရှိအခြေအနေနဲ့ လွဲနေသည့်အတွက် ရှင်းပြလိုပါသည်။ အသေးစိတ်အထောက်အထားများကို ပို့ပေးပါမည်။

Seen 11:45pm
ဟုတ်။ ဆောရီး။

ကျွန်တော်စာတွေရေးသားတာက မြန်မာနိုင်ငံသားတွေအားလုံးအကျိုးအတွက်ဖြစ်ပါတယ်။ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေလည်း မြန်မာနိုင်ငံသားမှန်ရင် ပါတယ်။

ကျွန်တော့်မှာ ကိုယ်ပိုင်သုတေသနလုပ်စရာ ဓါတ်ခွဲခန်းတွေ၊ စက်ပစ္စည်းတွေမရှိပါ။ ကျန်းမာရေးနဲ့ ဆေးဝါးတွေသတင်းကို လက်လှမ်းမီသမျှ အချိန်ကိုက်ရယူပြီး ဘလော့နဲ့ ဖေ့စ်ဘွတ်မှာရေးပါတယ်။ အချက်အလက်ရှိတာကိုသာ ရေးပါတယ်။

ကျွန်တော် ဘာစာရေးရေး (မြန်မာသတ်ပုံအပါအဝင်) သည်ဟာမှန်၏၊ သည်ဟာမှား၏လို့ရေးတာ အလွန်နည်းပါတယ်။ ကိုယ်တိုင် လေ့လာစဉ်းစားဆင်ခြင်မှုနဲ့ ကိုယ်တိုင်သာဆုံးဖြတ်တတ်တဲ့ ကောင်းမွန်မှန်ကန်တဲ့အလေ့အထ ရစေချင်တာပါ။

တဦးဦးကို နစ်နာစေလိုခြင်းမရှိပါ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၇
ည (မနက်) ၁၂ နာရီ၊ ၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး