Berlin Wall မြန်မာပြည်က ဘာလင်တံတိုင်း

စာတပုဒ်မှာ ရေးခဲ့ဘူးတယ်။ ညီညာဖြောင့်ဖြူးနေတာကို သဘောကျတယ်။ အကွေးအကောက်ဆိုရင်လည်း စည်းကမ်းနဲ့ ကွေးကောက်တာကို ကြိုက်တယ်လို့ ရေးခဲ့တာပါ။ ငယ်စဉ်က ပုံဆွဲဝါသနာပါခဲ့လို့ နိုင်ငံရေးထဲရောက်တဲ့အခါ အဆီအငေါ် မတည့်တာတွေကိုတွေ့ရာကနေ အဲလိုသုံးသပ်ချက်ကို ရေးဖြစ်တာပါ။

ပန်းချီပညာမှာ ရေးဆွဲနည်းပုံစံတွေ အမျိုးမျိုးရှိပါသတဲ့။ Modernism မော်ဒန်၊ Impressionism အင်ပရက်ရှင်း၊ Abstract styles စိတ္တဇ၊ Outsider art စည်းပြင်ရေးဆွဲနည်း၊ Photorealism ဓါတ်ပုံလိုရေးဆွဲနည်း၊ Surrealism အံ့သြစေတဲ့ပုံမျိုး စတာတွေရှိတယ်လို့ ဖတ်ရပါတယ်။ ဘယ်နည်းမှာမဆို သူ့စနစ်နဲ့သူ ရှိကြပါတယ်။

ပန်းချီလိုပဲ စာပေ၊ တေးဂီတ၊ သုခုမ၊ ပန်းဆယ်မျိုးတွေဟာလည်း အနုပညာစာရင်းဝင်တွေပါပဲ။ ကဗျာတွေစာတွေကလည်း ဖန်တီးမှု၊ ရသမြောက်မှုတွေကို လွတ်လပ်ခြင်းနဲ့ထုံမွမ်းမှသာ လက်ရာမြောက်တယ်။ ဒါပေမဲ့ အနုပညာသမားတွေဟာ ရင်ဆိုင်ကျော်လွှားသွားကြရတယ်။

၁၉၆၁ ခုနှစ်မှာ ဘာလင်မြို့ကြီးကို ဆိုဗီယက်ကွန်မြူနစ်အစိုးရကနေ တံတိုင်းကြီးနဲ့ပိုင်းခြားလိုက်တယ်။ Berlin Wall လို့ ခေါ်တယ်။ ဆန့်ကျင်သူတွေကနေ Graffiti art ခေါ်တဲ့ပန်းချီရေးနည်းနဲ့ ဘာလင်တံတိုင်းမှာ ရေးဆွဲကြတယ်။ အဲလိုရေးနိုင်တာက အနောက်ဖက်ခြမ်းမှာသာဖြစ်ပြီး အရှေ့ဖက်ခြမ်းမှာတော့ ဘာပန်းချီမှမရှိပါ။ အရှေ့ဘာလင်သားတွေ အနုပညာမတတ်လို့တော့ မဟုတ်ပါ။ တံတိုင်းကြီးကို ၁၉၈၉ မှာ ဖြိုချနိုင်လိုက်ကြတယ်။ ကျွန်တော် ဘာလင်ကိုရောက်တော့ ရောက်အောင်သွားကြည့်ခဲ့တယ်။

မြန်မာပြည်မှာ မမြင်ရတဲ့တံတိုင်းကြီးရှိနေတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်အထိ တောင်ခြစ်မြောက်ခြစ်ကို မတားဘဲ၊ စနစ်ကျတဲ့အကွေးလေးတွေ မရေးရပါ။ အခုအစိုးရလက်ထက်အထိ တောင်ခြစ်မြောက်ခြစ်ကိုသာ အမှန်ထင်နေကြတယ်။ နိုင်ငံရေးအမြင်ရော မြန်မာစာရောပါတယ်။ စနစ်ကျတာကိုတော့ ခေတ်ဟောင်းတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး