Friday, February 10, 2017

Natural numbers ဂဏန်းရေးနည်း

• 100 = One hundred = တရာ
• 1,000 (10 ၃ လုံး) = One thousand = တထောင်
• 10,000 (10 ၄ လုံး) = Ten Thousand = ဆယ်ထောင်
• 100,000 (10 ၅ လုံး) = One hundred thousand = တရာထောင်
• 1,000,000 (10 ၆ လုံး) = One million = တစ်သန်း
• 10,000,000 (10 ၇ လုံး) = Ten million = ဆယ်သန်း
• 1,000,000,000 (10 ၉ လုံး) = One billion တစ်ဘီလီယံ (သန်း ၁,ဝဝဝ)
• 1,000,000,000,000 (10 ၁၂ လုံး) = One trillion တစ်ထရီလိယန် (ဘီလီယံ ၁,ဝဝဝ)
ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်တာနဲ့ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင်၊ တသန်း (တထောင်ထောင်)။ သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော် များများမှာ မသုံးပါ။
• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။
• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရတုံးက ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။
• စက္ကန့်ပေါင်း ၁ သန်း = ၁၂ ရက်။
• စက္ကန့်ပေါင်း ၁ ဘီလီယန် = ၃၁ ရက်။
• စက္ကန့်ပေါင်း ၁ ထရီလီယန် = ၃၁,၆၈၈ နှစ်။
• မိနစ်ပေါင်း ၁ သန်း = ၁ နှစ်၊ ၃၂၉ ရက်၊ ၁ဝ နာရီ၊ ၄ဝ မိနစ်။

မြန်မာပြည်မှာ သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ဟာ လွန်ခဲ့တဲ့ ၁၃၁ နှစ်ကဖြစ်တယ်။
(၁ နှစ် = 365.25 ရက်၊ = 8,766 နာရီ၊ = 525,960 မိနစ်၊ = 31,557,600 စက္ကန့်)
၁၃၁ နှစ် = 1,148,346 နာရီ = 68,900,760 မိနစ် = 4,134,045,600 စက္ကန့်

ဒေါက်တာတင့်ဆွေ
၁ဝ-၂-၂ဝ၁၆
၁ဝ-၂-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...