Cut music to an hour a day

သီချင်း တနေ့မှာ တနာရီသာနားထောင်ပါ

• WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုလိုက်တဲ့ နောက်ဆုံးရ ကျန်းမာရေးသတင်းပါ။ နားအကြားကို မထိခိုက်စေဘို့ဖြစ်ပါတယ်။
• သီချင်း တေးဂီတတွေကို ကျယ်ကျယ်လောင်လောင်၊ အကြာကြီး နားထောင်ကြတဲ့ လူငယ်လူရွယ်ပေါင်း ၁့၁ ဘီလီယန်မှာ ရာသက်ပန်သောတအာရုံပျက်စီးဘို့ အန္တရာယ်ရှိနေကြပါတယ်။
• အသက် ၁၂ နှစ်ကနေ ၃၅ နှစ်ကြားရှိသူပေါင်း ၄၃ သန်းတို့ဟာ အဲလိုကနေ နားပျက်စီးသွားခဲ့ကြတယ်။ ကိန်းဂဏန်းတွေက တိုးလာနေတယ်လို့လည်းဆိုပါတယ်။
• ကလပ်တွေ၊ ဘားတွေမှာ တေးဂီတကို ကျယ်ကျယ်လောင်လောင်ဖွင့်ထားလည်း ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။
• အမေရိကားမှာ ဆယ်ကျော်သက်တွေ ၁၉၉၄ ကနေ ၂ဝဝ၆ အတွင်းမှာ နားမကြားတော့တာ ၃့၅% ကနေ ၅့၃% တိုးလာခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး