Medical Ethics Vs Political Ethics ရောဂါတွေသိတဲ့ ဆရာဝန်

(၁)
• ကိုယ်ရေးကိုယ်တာ မေးလာကြတာရှိလို့၊
• အဝေးမှာနေရပေမဲ့ တွေးနေစရာမလိုဘဲသိပါသည်။

• မမြင်ကွယ်ရမှာ ဘာဖြစ်နေတယ်ဆိုတာမေးလာလို့၊
• အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။

• နာမည်နဲ့လိပ်စာမပါ သိချင်တာမေးပါရစေဆိုလို့၊
• နေရာမသိ၊ လာမကြည့်ရပေမဲ့ အထာအတိအကျသိရပါသည်။

• ဒီတခါမှားသွားပါတယ်ဆရာ ကယ်ပါအုံးဆိုလို့၊
• လူလုံးလှဘို့ရာ ကူဖုံးပေးထားရတာတွေရှိပါသည်။

• သူများတွေကို ဒုက္ခမပေးချင်ပါဆရာဆိုလာလို့၊
• မုချ ဘာတွေဖြစ်နေမှန်းလည်းသိပါသည်။

• ယူကြုံးမရတာ မေးလာကြလို့၊
• လူအဖြစ်ရှုံးနေကြရမှန်းလည်းသိပါသည်။

• သမားကျင့်ဝတ်ဆိုတာ ဘယ်သူ့မှာဘာဖြစ်နေတာ မပြောသင့်တာ မပြောအပ်ပါ၊
• သားသမီးတို့၏အတွင်းရေးကို မျိုသိပ်ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့၊
• နီးသောဝေးသောမဟူ အတူထားသည့်မိခင်မေတ္တာမျိုးရှိနိုင်အောင် ကြိုးစားပါအံ့၊
• ပြန်စာရ၍ ကျန်းမာကြပါစေ။

(၂)
• မြန်မာပြည်ကြီးမှာ ကယ်ပါယူပါဖြစ်နေတာတော့ ပြောပါရစေ၊
• နိုင်ငံရေးသမားကျင့်ဝတ်ထဲမှာ ဖုံးထားစရာမပါ၊ ဖုံးထားလို့လည်းမရပါ၊

• ဆရာဝန်အတတ်လဲသုံး၊ နိုင်ငံရေးလည်း ကုန်းရုန်းလုပ်နေတာမို့၊
• အုပ်စိုးသူများ ဖုံးထားသမျှ အလုံးအပြားကအစသိပါသည်။

• နိုငံရေးမှာ မမြင်ကွယ်ရာမရှိ၊ ဗိုက်နာနေတဲ့အစိုးရဆိုတာသိ၊
• လူသိမခံတာတွေလည်းသိ၊ လိမ်ညာဖြီးဖြန်းတာလည်းသိ၊
• အတိအကျ၊ အချက်ကျကျရေးပါမည်၊ စာတွေဖတ်ရ၍ လွတ်မြောက်ကြပါစေ။     ။


ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၄
၂ဝ-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး