Mettā မေတ္တာ

ထိုင်းမှာဖြစ်တဲ့အမှုအတွက် မေးကြတယ်။ ဘယ်လိုသဘောထားသလည်း။ ရေးပါအုံး စသဖြင့်။ အသေအချာမသိလို့ တခါမှမရေးပါလို့သာ ဖြေပါတယ်။ NLD ကတော့ ဥပဒေကြောင်းအရ လိုအပ်တာလုပ်မယ်လို့ပြောတယ်။

အမှုတိုင်းမှာ ဥပဒေကြောင်းနဲ့ တရားကြောင်းရှိတယ်။ လွတ်လပ်တဲ့တရားစီရင်ရေးမှာ ဘယ်သူကမှစွက်ဖက်လို့မရပါ။

အပြစ်ကျတာမှာ မှန်တာအတွက်ခံရသူတွေရှိသလို တရားစီရင်ရေးက မှားလို့ခံရတာလည်းရှိတယ်။ တရားခံမှန်နေပေမယ့် အလျှောက်ကောင်းလို့နဲ့ ဥပဒေအားနည်းလို့ ကွင်းလုံးကျွတ်လွတ်နိုင်တယ်။

ဘယ်သူမဆို ကံတရားကိုလွန်ဆန်လို့မရကြပါ။ မေတ္တာပို့ပါတယ်။ ကျွန်တော် စိတ်မကောင်းဆုံးက မိခင်ဖြစ်သူ ငိုကြွေး ပူဆွေးနေတာပါ။ မိခင် (မိဘ) တို့မည်သည် မေတ္တာတရားဖက်ကသာနေတယ်။ မိဘမေတ္တာမှာ ရှေ့နေကောင်းတွေမလိုပါ။ တရားစီရင်ရေးစနစ်တွေမလိုပါ။

မိဘကျေးဇူး အထူးသိကြစေ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး