The different groups မတူတဲ့အုပ်စုများ

မနေ့က မေးတာမြန်းတာတွေ ကမောက်ကမနိုင်တာ တယောက်ပြီးတယောက် အိပ်ယာထကနေ အိပ်ခါနီးအထိလာလို့ စိတ်ရှုတ်ရတယ်။ အဲတာနဲ့ တမျိုးတမည်လုပ်မလားလို့ တင်လိုက်တဲ့ပို့စ်ကို ကွန်မင့်ရေးသူတွေက ပဌမ ၁ နာရီအတွင်းမှာ ဖေ့စ်ဘွတ်ကို မနားပါနဲ့လို့ ပြောသူကတဝက်နဲ့ ကျွန်တော့်ကိုပဲ စိတ်ရှည်ဘို့၊ သည်းခံဘို့၊ သူများတွေမှာ ဒိထက်ခက်တယ်လို့ ဆုံးမတဲ့သူကတဝက် ရှိတယ်။

ကျွန်တော့်မှာ ပို့စ်တိုင်းကို (၁) Tint Swe အမည်နဲ့ရယ်၊ (၂) Dr. Tint Swe နဲ့ FB page ရယ်၊ လူများများဖတ်ရအောင် အီးမေးလ်အသစ်နဲ့ထပ်ဖွင့်တဲ့ (၃) Tint Swe အမည်နဲ့ရယ်နဲ့ (၄) Dr. Tint Swe’s Writings ဘလော့ခ်ရယ် လေးခုမှာ တပြိုင်တည်းတင်ပါတယ်။ ဖေ့စ်ဘွတ်အုပ်စုသုံးစုက မတူကြတာကို သတိထားမိလာတယ်။

အသစ် Tint Swe အမည်နဲ့ Dr. Tint Swe နဲ့ FB page မှာ မက်ဆင်ဂျာ မပိတ်သင့်တာပဲ ရေးကြတယ်။ ကျွန်တော့်ပဲ ဆုံးမတဲ့သူပါတာက အစောဆုံးဖွင့်ထားတဲ့ Tint Swe အမည်နဲ့ထဲမှာသာ တွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး