Erythromycin အရစ်သရိုမိုင်စင်

နားကိုက်၊ နားပြည်ယိုခြင်း၊ အာသီးရောင်၊ လည်ချောင်းနာ၊ အသက်ရှူလမ်းအထက်ပိုင်းပိုးဝင်ခြင်း၊ လူစုလူဝေးမှရသော နူမိုးနီးယား၊ ပိုးကြောင့်ဝမ်းလျှောခြင်း၊ အရေပြားနာ၊ လိင်မှတဆင့်ကူးစက်ရောဂါများ၊ နှလုံးအတွင်းသားရောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း၊ အစာခြေလမ်းရောင်ခြင်း၊ မျက်စိပိုးဝင်ခြင်း၊ မွေးစကလေးငယ်များ နှလုံးအလုပ်မနိုင်ခြင်းများ။

- လူကြီး = 250-500 mg တနေ့ ၄ ကြိမ်။ တနေ့ 4 Gm ထက်မများစေရ။
- ကလေး = 15-25 mg/kg တနေ့။ ဆေးရည် ½ - 2 လက်ဖက်ရည်ဇွန်း ၂ဝက်မှ ၂ ဇွန်း၊ တနေ့ ၄ ကြိမ်၊ ၁ဝ ရက်။

- လိင်ကတဆင့်ကူးစက်သောရှန်ကာရွိုက်၊ Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁ ပါတ်။
- လိင်ကတဆင့်ကူးစက်သော (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝရောင်ခြင်း၊ သားအိမ်အဝရောင်ခြင်း = Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ ၁ ပါတ်။
- လိင်ကတဆင့်ကူးစက်သောဆစ်ဖလစ် ပဌမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် = Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၂ ပါတ်။
- လိင်ကတဆင့်ကူးစက်သော ကျား-မ ဆီးပြွန်-မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း = Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၃ ပါတ်။

ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ဗိုက်နာ၊ အနီပြင်ထွက်၊ ကိုယ်ပူ၊ အသားဝါ၊ ပျို့၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး