Jealousy/Envy ဣဿာ/မရှုစိမ့်

Myo Myat Mying ၈၈ နောက်ပိုင်းမှာ မရှုစိမ့်ကိုတောင် မရှူဆိတ်လို့ရေးလာကုန်ကြတယ်ဆရာ။

Tin Maung Nyunt မရှုဆိတ်ကမှ စာလုံးပေါင်းအမှန်ပါ။

Tint Swe ကျွန်တော်ကျောင်းသားဘဝမှာ (မရှုစိမ့်) လို့သာ သင်ယူခဲ့ရပါတယ်။ ခုခေတ်ထုတ်စာအုပ်တွေမှာ (မရှုစိတ်) လို့သာ ရေးထားတယ်။ မြန်မာအဘိဓာန်က ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ထုတ်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်က မြန်မာစာအဖွဲ့ဦးစီးဌာန မူပိုင်လို့ ပုံနှိပ်ထားပါတယ်။ ကျွန်တော်က အဲတာ မမှန်ဖူးလို့ပဲ ထင်နေတယ်။

အွန်လိုင်း ဘာသာရေးစာထဲမှာ ဒီလိုဖတ်ရပါတယ်။
(၁) တခြားသူကို မနာလိုမရှုစိမ့် ဣဿာမရှိ၊
(၂) လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှုစိမ့်ဘူး၊ မနာလို မရှုစိမ့်ဖြစ်တယ်လို့ပြောတယ်။
အဲတာက မှန်တယ်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး