Movies and TV ဓါတ်ရှင်နဲ့ တီဗွီကနေ သတ်ပုံသင်ပေးတယ်

Banyar Kyi ဆရာကျနော်ပြောပရစေ။ အခုတော်တော်များများပြောနေကြတယ်။ လုပ်ရမယ်လို့ ပြောရမယ့်အစား လုပ်ကမယ်တဲ့။ ကျနော်နားမလည်ဘူးဆရာ။ မှားတယ်လို့ပြောပရစေ။

Ko Gyi Pauk ပြောပါရစေ။ smile emoticon

Banyar Kyi ကျေးဇူးပါ

Tint Swe အခုလို Smile နဲ့ ကွန်မင့်ကြလို့ ဝမ်းသာရတယ်။

Banyar Kyi smile emoticon

Mon Lay လုပ်ရမယ်က မှန်တယ်ထင်ပါတယ်။ ညီမလည်း က နဲ့ ရ ကို မကွဲပါ။ စကားအသုံးမှာကို မှားနေတာပါ။ အခုထိကို သနပ်ခါးလိမ်းကမယ်ပြောမိရင် အမတွေက လိမ်းပီးရင် က လို့ပြောပီးရယ်ကြပါတယ်။

Tint Swe ပီး နဲ့ ပြီး၊ ပီ နဲ့ ပြီ တွေလည်း မှားနေကြတယ်။ ဆရာတို့ငယ်တုံးက ဓါတ်ရှင် (ရုပ်ရှင်လို့မခေါ်သေးပါ) ပြီးရင် ပြီးပါပြီဆိုတာကို အမြဲကြည့်ခဲ့ရတယ်။

Mon Lay ဟုတ်ကဲ့ပါဆရာ။ မှတ်သားပါ့မယ်။ အခုပြင်လိုက်ပါ့မယ်ဆရာ။

Tint Swe ပြီးပါပြီစာလုံးကို ဘယ်တော့မှမမေ့စေတာရှိတယ်။ ၁၉၈၈ ဝန်းကျင်ကတည်းက ကာလာတီဗွီပေါ်ကစမှာ ၁၄ လက္ခတီဗွီလေးတလုံးနဲ့ အင်တာနာကို မုံရွာကနေဝယ်လာပြီး၊ ပုလဲအိမ်မှာစမ်းဖွင့်ပါတယ်။ လိုင်းရှာရတာခက်လိုက်တာ။ ပျားအုံကိုတုတ်နဲ့ဆွသလိုသာမြင်နေရတယ်။ နောက်ဆုံး ရလည်းရရော မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ပြီးပါပြီတဲ့။

ခုခေတ် တီဗွီလိုင်းတွေတော့ မကြည့်ဖူးပါ။ သတ်ပုံအမှား + သဒ္ဒါအလွဲစာတမ်းတွေနဲ့ စကားမပီသတဲ့အသံထွက်တွေကို ဖေါဖေါသီသီလွှင့်ပေးနေတယ်လို့ ပြောသံတော့ကြားရတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး