Our language မြန်မာစာ

Thurein Linn ဆရာရေ သတင်းကောင်းလေးတော့ရှိပါတယ်။ MYANMAR Unicode System ကိုမကြာခင်မှာသုံးလာရင် မြန်မာစာရေးနည်းနဲ့သတ်ပုံတွေ အများကြီးကောင်းလာပါလိမ့်မယ်။ လက်ရှိအများစုသုံးနေတာက ဇော်ဂျီစနစ်က စနစ်မကျဘူး ဆရာရေ။

အေးဗျာ မြန်မာစာကို မှန်စေဘို့ရည်ရွယ်ချက်ထားတာဆိုရင် ကောင်းပါတယ်။ မျှော်လင့်ချက်တခုပေါ့။

ကျွန်တော်ထင်တာက ကွန်ပြူတာ၊ ဖုန်းစနစ်တွေကြောင့် မြန်မာစာအရေးအသားနဲ့ စကားပြော ပျက်စီးညံ့ဖျင်းနေတာက နောက်မှသာဖြစ်လာတာ။ ပိုဆိုးလာတာတော့ ဟုတ်တယ်။

(၁) စစ်အစိုးရကနေ မှားတာတွေကို အမိန့်ပေးခိုင်းထားခဲ့တာနဲ့ (၂) သတ်ပုံမှားနေတာတွေကို မသိကြတာဖြစ်တယ်။ (၃) ပညာရေးစနစ်ကျဆင်းလာတာလည်းပါတယ်။ (၄) ဖေ့ဘွတ်ကို ဖုန်းသေးသေးလေးတွေကနေသုံးရလို့ ခက်ခဲတာလည်း ပါတယ်။ (၅) လူတွေကို ဖြစ်ကတတ်ဆန်းလုပ်စေတဲ့ ဓလေ့စရိုက်ကို နိုင်ငံရေးစနစ်ဆိုးက မွေးထုတ်ပေးထားတယ်။

မြန်မာယူနီကုတ်ပြောနေတာ အတော်ကိုကြာပြီ။ မြန်မာဖေါင့်တွေက အများကြီး။ ဥပမာ ရေဒီယိုတွေ၊ ဂျာနယ်တွေရဲ့ ဝဘ်ဆိုက်တွေကသုံးတဲ့ဖေါင့်တွေက မတူကြလို့ ဇော်ဂျီဖေါင့်ကို (ဒီဖေါ့) လုပ်ထားရင် ဖေါင့်လိုက်ပြင်နေရတာ အချိန်ပို ကုန်နေရတယ်။ မြန်မာယူနီကုပ်ကို ပြောင်းချင်တဲ့လူကသာပြောင်းမယ်။ အဲတော့လည်း ခက်အုန်းမယ်။

ကွန်ပြူတာပေါ်လာတော့ အင်္ဂလိပ်လိုရေးသားတာမှာ သတ်ပုံရော သဒ္ဒါကိုပါစစ်လို့ရတဲ့ပြင် (သစ်ဆောရပ်စ်) စကားလုံး ဖလှယ်နိုင်တာပါထည့်ထားလို့ တိုးတက်လာစေခဲ့တယ်။ ဖုန်းသေးသေးနဲ့သုံးတဲ့ခေတ်ရောက်တော့ အရည်အသွေး ကျဆင်းလာတော့တယ်။ မြန်မာပြည်မှာ တိုးတက်တက်ခေတ်ကို မခံစားရပဲ ကျတဲ့စနစ်သာ ဖြစ်ထွန်းနေတယ်။

မြန်မာစာ မြန်မာစကားကို အမျိုးသားရေးလှုပ်ရှားမှုလိုလုပ်မှသာ အမှားတွေနည်းလာမယ်။ တိုးတက်လာမယ်။ တော်တတ်သိတဲ့ပညာရှင်တွေ သက်ရှိထင်ရှားရှိချိန်ကို မီကောင်းပါရဲ့လို့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်လည်း မြန်မာစာမတော်ပေမယ့် နိုင်သလောက်တော့ လုပ်နေပါတယ်။

1. ABCD မြန်မာစာသင်ပုန်းကြီး
2. Burmese Spelling မြန်မာသတ်ပုံ
3. Correction အမှားကို အားမပေးစေချင်ပါ
4. Diseases အနာရောဂါ၊ သတ်ပုံရောဂါ၊ အသုံးအနှုန်းရောဂါ
5. Grammar and Spelling ဆရာတင်မိုး မှတ်ချက်
6. Grammar and Spelling မြန်မာစာ သဒ္ဒါနဲ့ သတ်ပုံ
7. Hot air balloon catches fire မီးလောင်သွားတဲ့ သတ်ပုံ
8. How to spell လွဲရင် မှားရော
9. Killing Field (1) မြန်မာစာ သတ်ကွင်း (၁)
10. Killing Field (2) မြန်မာစာ သတ်ကွင်း (၂)
11. Language Art ဘာသာစကား အနုပညာ
12. Lion spelling ခြင်္သေ့သတ်ပုံ
13. Misspelling အမှားကိုဖျက်ပါ၊ မမှန်တဲ့အကျင့်ကိုဖြတ်ပါ
14. Mistakes and Blunders အမှားတွေပြင်ကြအောင်
15. Myanmar (1) မြန်မာဆိုတာဘာလည်း (၁)
16. Myanmar (2) မြန်မာဆိုတာဘာလည်း (၂)
17. Myanmar (3) မြန်မာဆိုတာဘာလည်း (၃)
18. Ordered to change တ နဲ့ တစ်
19. Own language ကိုယ့်နိုင်ငံကစာ ကိုယ်တတ်ပါ
20. Pregnancy test ကိုယ်ဝန်နဲ့ မြန်မာသတ်ပုံ
21. Prospect of Myanmar language မြန်မာစကား အလားအလာ
22. SOL (Save Our Literature) မြန်မာစာကိုကယ်ပါ
23. Speech သဒ္ဒါအမှား ခေတ်စကားမဟုတ်ပါ
24. Spell it right ဆရာဝန်နဲ့ မြန်မာစာ
25. Spelling by force ရေးတော့အမှန် ဖတ်တော့အသံ၊ အာဏာနဲ့တော့ ကပြောင်းကပြန်
26. Spelling Comments (1) သတ်ပုံမှား ကွန်မင့်များ (၁)
27. Spelling Comments (2) သတ်ပုံမှား ကွန်မင့်များ (၂)
28. Spelling Comments သတ်ပုံ ကွန်မင့်များ
29. Spelling error အမှားကိုအမှန်ထင်နေတာလား
30. Spelling kills သတ်ပုံက တကယ်သတ်နေတယ်
31. Spelling သတ်ပုံအကြံပြုချက်
32. Spelling အစိုးရ သတ်ပုံတော့ ပြောမနေနဲ့
33. The Death of a Language မြန်မာစာလှုပ်ရှားမှုလိုအပ်နေ
34. The End ပြီးပါပြီခင်ဗျား
35. Typing error ဖုန်း-ချတ် သတ်ပုံနဲ့ ကိုယ်ဝန်ဆောင်မေးခွန်း
36. Words old and contemporary မြန်မာစာလုံးပေါင်း
37. နငယ်အမြီးဆွဲသူ
38. ဦးမြန်မာနဲ့ ဒေါ်သတ်ပုံသို့
39. ဖေ့စ်ဘွတ်ခ်ဗန်းစကားရေစီးကြောင်း
40. ရေးအမှား ဖတ်ကားတလွဲ

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး