Spelling suggestions သတ်ပုံအကြံပြုချက်များ

(၁) Win Htut Oka စာတမ်း - စာတန်း
တခု - တစ်ခု
ပြောဘို့ခက် - ပြောဖို့ခက်
သုံးစွဲရမလည်း - သုံးစွဲရမှာလဲ

Tint Swe Win Htut Oka ခင်ဗျား
၁။ စာတန်း
၂။ ပြောဖို့ခက်
၃။ သုံးစွဲရမှာလဲ
အားလုံးကို ပြင်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် (တစ်) ကို (တ) ကသာမှန်တယ်လို့ ယူဆပါတယ်။
(၁) လွတ်လပ်ရေးကြေညာစာတမ်းထဲမှာ သည်လိုရေးထားပါတယ်။
- ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား
- တစိတ်တဝမ်းတည်းဟူသော

(၂) မြန်မာ့စွယ်စုံကျမ်းထဲမှာ မင်းကွန်းဆရာတော်ကြီးအကြောင်းမှာ ပုံထဲပါအတိုင်း (တဦးတည်းသော) လို့ ရေးထားပါတယ်။

(၂) Tin Maung Nyunt ကိုယ့်ကိုယ်ကိုယ်ကမှ အမှန်ပါ သူ့ကိုယ်သူ ငါ့ကိုယ်ငါ နင့်ကိုယ်နင် ဆိုသလိုပဲ သူ ငါ နင် နေရာမှာ ကိုယ်ကိုထည့်ထားတာပါ

(၃) Than Htwe မဟုတ်ဘူးထင်ပါတယ် သူ့ကို ငါ့ကို မြို့ထဲကို ရွာကို ကိုယ့်မြို့ကိုကိုယ်ပြန်အုံးမယ် ကိုယ့်ကိုယ်ကို ကိုယ်ပြန်ဆုံးမအုံးမယ်။

Tint Swe (ကိုယ့်ကိုယ်ကို) ဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ စာရေးရင် မိမိကိုယ်မိမိလို့သာ ရေးပါတယ်။ ကျွန်တော်က စကားပြောစာရေးနည်းနဲ့ရေးပါတယ်။
မြန်မာအဘိဓါန်မှာ (ကိုယ့်ကိုယ်ကို) မပါဝင်ပါ။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်သိက္ခာကိုယ်၊ ကိုယ့်မင်းကိုယ့်ချင်း၊ မိမိကိုယ်မိမိလို့သာပါတယ်။
အွန်လိုင်းသတ်ပုံကျမ်းမှာပါတာကိုတော့ ဓါတ်ပုံရိုက်တင်လိုက်ပါတယ်။

အကြံပြုသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး