Male contraceptive gel passes monkey test

ယောက်ျားကလေးမရစေတဲ့ဆေး စမ်းသပ်မှုအဆင့်တက်

(ကန်တော့ပါ)

ယောက်ျားတွေ ကလေးမရစေတဲ့ဆေး စမ်းသပ်မှုဟာ မျောက်တွေကိုစမ်းသပ်တဲ့အဆင့် အောင်မြင်သွားပါပြီ။

Vasalgel လို့ခေါ်တဲ့ ဂျဲလ်ဖြစ်တယ်။ သုက်ရည်ထွက်လမ်းထိဲကိုထိုးပေးရတယ်။ လမ်းပိတ်စေလို့ ပန်းအဖျားအထိ သုက်ပိုးတွေရောက်မလာစေနိုင်ပါတယ်။ ကာလီဖိုးနီးယား တက္ကသိုလ်မှာ ၂ နှစ်ကြာစမ်းသပ်မှုက အောင်မြင်တယ်လို့ဆို ပါတယ်။ လူတွေကိုမှာ စမ်းသပ်ဘို့တော့ နှစ်အနည်းငယ်လိုပါအုန်းမယ်။

အဲလိုဆေးထိုးပေးထားသူကို သားသမီးရအောင် ပြန်လုပ်ဖို့လည်းဖြစ်နိုင်ပါတယ်။ နောက်ဆေးတမျိုးထပ်ထိုးပေးရင် အရင် ဂျဲလ်ကို ပျော်ဝင်သွားစေမယ်ဆိုတာ သီအိုရီအရဖြစ်နိုင်ပါတယ်။

နောက်စမ်းသပ်နေတဲ့နည်းကတော့ RISUG (reversible inhibition of sperm under guidance) လို့ခေါ်တယ်။ အိန္ဒိယမှာ စမ်းသပ်နေပါတယ်။ ဒီနည်းက သုက်ပိုးတွေကူးသန်းတာကို အဟန့်အတားလုပ်ပေးတယ်။

နည်း ၂ မျိုးလုံးကို မေ့ဆေးပေးပြီးမှသာ ထိုးပေးရတယ်။

ဒေါက်တာတင့်ဆွေ
၇-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး