Not My Own မြန်မာစာကို ကိုယ်ပိုင်မလုပ်

Moe Moe Khaing အိပ်ရာဆိုတာ အိပ်ဖို့နေရာတခုမို့ ရကောက်နဲ့ ရာရတယ်လို့ပဲ မှတ်လိုက်တယ်ဆရာရှင့်။

တစ်ခုကိုတော့ ပြင်ပါမယ်။ ဆောရီး။ ကျွန်တော့်ပို့မှာ သုံးမှာဖြစ်လို့ပါ။ ကိုယ့်စာထဲမှာတော့ ကိုယ်ကြိုက်ရာရေးပေါ့။

ကျွန်တော်ကတော့ ကိုယ်ပိုင်သတ်ပုံဆိုပြီး မလုပ်ပါ။ အရင်က ဘယ်လိုရေးကြတယ်။ နောက်မှာ ဘယ်လိုရေးနေတယ်။ စသဖြင့် စာလုံးရဲ့သမိုင်းအထောက်အထားကိုသာ ရှာပါတယ်။

ဟိုအရင်ကရေးခဲ့တာထဲမှာ ပြောင်းလာတာတချို့ကိုတော့ သဘောကျတယ်။ ဆရာကြီးတွေပြောတာ တချို့ကိုတော့ သဘောတူဘို့ ခက်တာတွေရှိတယ်။ သည်အတိုင်းသာလုပ်ရမယ်လို့ အမိန့်ပေးတာကို လက်မခံနိုင်ပါ။

ကျွန်တော်က ကိုယ်ရေးတာသာမှန်၏လို့လည်း မောက်မာမှုမထားပါ။ ကျွန်တော်က မြန်မာစာဆရာမဟုတ်ပါ။ အစိုးရ မဟုတ်ပါ။ အစိုးရအရာရှိလည်း မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး