သင်္ချိုင်းအစ

အုပ်စုလိုက်ပင်
လေတိုက်လွင့်တိုင်း၊ ကြမ်းတမ်းရိုင်းရင့်
သစ်ကိုင်းညှိုးခြောက်၊ အိုရင့်ကောက်လိမ်
မြေအောက်ကြွေကျ၊ ပါးလျလျနှင့်
တရွက်တလေ၊ သစ်ရွက်လေလွင့်
ချောင်းရေစုန်မျော၊ လေကြောဝေ့သက်
တဝက်တချို့၊ ဝေးသို့ပို့ဆောင်
ညိုဝါမြဖောက်၊ လေးငါးခြောက်ပုံ
ကောက်ကြောင်းလေပွေ၊ မြေပေါ်ပုံကြ (ကျ)။

ရွက်တဝေ့ကို
လှမ်းပွေ့မထိ၊ ဖမ်းမမိ၍
မျက်စိစူးစမ်း၊ ဆုံးစခန်းမြင်
မေးမြန်းလိုပါ၊ ဤရွက်ဝါ၏
ဇာတိဘယ်မှ စသနည်း။ ။ (ကြည်အေး)

ကျွန်တော်ငယ်ငယ်က စာတွေဖတ်ပါတယ်။ ဆေးကျောင်းရောက်တော့ အပြင်စာဖတ်ချိန်နည်းခဲ့တယ်။ အလုပ်ရတော့ မများပါ။ နိုင်ငံရေးထဲရောက်တော့ ဘာသာရပ်တခုတည်းသာ။

အရင်စာတွေ ပြန်ဖတ်ရတာ အရသာရှိခဲ့တယ်။ အဓိပ္ပါယ်ရှိခဲ့တယ်။ ကဗျာခေါင်းစဉ်က သင်္ချိုင်းအစတဲ့။ ဘဝ။

အခုတော့ ဖတ်ခဲ့သင်ခဲ့ရတဲ့စာတွေကသတ်ပုံတွေနဲ့ မတူတာတွေချည်းတွေ့နေရလို့ အရသာမကောင်းပါ။ တချို့ဆိုရင် အဓိပ္ပါယ်ပါလွဲတယ်။ နောက်ပေါ်စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာဆရာတွေက တစ်ရွက်တစ်လေတဲ့။ တစ်ဝက်တစ်ချို့တဲ့၊ ရွက်တစ်ဝေ့ကိုတဲ့။ ကဗျာခေါင်းစဉ်က သင်္ချိုင်းအစတဲ့။ မြန်မာစာ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၈
SanSan Cynthia Tin ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး