င ငချိတ်ပေါင်း စားလို့ကောင်း

ကနေ့ နေ့လယ်စာ စားနေရင်းနဲ့ သင်ပုန်းကြီးစာ ပြန်အံကြည့်နေမိတယ်။ ကျွန်တော်တို့ သူငယ်တန်းမှာ င ငပုဏ္ဏား ဟင်းချက်စား။ နောက်တော့ နောက်ပေါက်ကလေးတွေ ဖတ်တဲ့အသံတွေကြားနေခဲ့တယ်။ င ငရုတ်စိမ်း စပ်ရှိန်းရှိန်း။ င ငချိတ်ပေါင်း စားလို့ကောင်း။

ပြည်ပနိုင်ငံရေးဘဝမှာ -
ငပိသိပ်သလို ဘဝမျိုးလည်း နေခဲ့ရတယ်။
ငဖယ်ဆိုသလို ကယ်ဖယ်ရှောင်ဖယ်သမားတွေလည်း အများကြီး။
ငခုံးမကြောင့် တလှေလုံးပုပ်တာမျိုးလည်း ကြုံခဲ့ရတယ်။
ငရဲ မကြောက်သူတွေ၊ နင်ဘဲငဆ ပြောတဲ့သူတွေက အတော်များတယ်။
ငပြေမလို စင်းလုံးချောတွေလည်း တွေ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး