Immunotherapy and Lung Cancer အဆုတ်ကင်ဆာနှင့် အင်မြူနိုသာရပီကုသနည်း

အင်မြူနိုသာရပီကုသနည်းဟာ ခေတ်ပေါ်ဆေးကုသနည်းတခုဖြစ်ပါတယ်။ လူနာ အသက်ပိုရှည်စေပါမယ်။ FDA အသိအမှတ်ပြုနည်းနဲ့ကုသရင် ကင်ဆာဆဲလ်တွေ တခြားနေရာတွေဆီပြန့်မှာကို နှေးစေမယ်။ ကင်ဆာကိုတောင် ပျောက်နိုင်လောက်တယ်။ Non-small cell lung cancer အမျိုးအစား အဆုတ်ကင်ဆာဆိုရင် ထိရောက်မှုရှိတာ သိသာတယ်။

ခီမိုသာရာပီနည်းနဲ့က ကင်ဆာဆဲလ်တွေကိုရှင်းမပေးနိုင်ပါ။ FDA အသိအမှတ်ပြုနည်းဆိုတာ Chemotherapy ခီမိုသာရာပီနည်းနဲ့ Immunotherapy အင်မြူနိုသာရပီနည်းတွေ တွဲပေးနည်းဖြစ်ပါတယ်။

လူနာရဲ့ကိုယ်ပိုင်ရောဂါခုခံမှုစနစ်ကို တိုးတက်စေအောင်လုပ်ပေးမယ်။ ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေလို ပြုမူတတ်လို့ ခုခံအားစနစ်မှာရှိတဲ့ T cells တွေက ရန်သူလို့မထင်မှတ်ပဲထားလို့ ရောဂါဆက်ဖြစ်ရတယ်။

ဒီဆေးသုတေသနကို ၂ဝ၁၇ ဇွန်လမှာ ရီဗျူးလုပ်ထားပြီး တွဲတင်တဲ့ သရုပ်ပြဗီဒီယိုကို ၂ဝ၁၈ မတ်လမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်ဆေးပညာနိုဗယ်ဆုရသူနှစ်ဦးကလည်း ဒီကုသနည်းအတွက် ချီးမြှင့်ခံကြရတာဖြစ်ပါတယ်။

ကင်ဆာဆိုတာ ကုသရတာ အင်မတန်ခက်ပါတယ်။ အဲတာကို ဟိုဟာလေး သည်ဟာလေးနဲ့ ပျောက်မယ်လို့ တင်နေ ရှယ်နေကြသူတွေကို သိစေလိုပါတယ်။ လူနာတွေကို သင့်ပို့စ်ကနေ အသက်တိုအောင်မလုပ်ကြပါနဲ့။ တခြားနည်းနဲ့သာ နာမည်ကြီးအောင်လုပ်ကြပါ။ တခြားနည်းနဲ့သာ ပိုက်ဆံရှာကြပါ။

ဒေါက်တာတင့်ဆွေ
၁၄-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး