Inguinal hernia recurrence ပြန်ဖြစ်တဲ့ အူကျရောဂါ

(ကန်တော့ပါ)

မင်္ဂလာပါဆရာ အသက် ၃၃ နှစ် အိမ်ထောင်ရှိပါတယ်ဆရာ အူကျတာခွဲထားတာ ခွဲစိတ်အထူးကု နဲ့ခွဲတာ မဟုတ်ဘူးဆရာ ပြန်ကျနေလို့ပါဆရာ အဲလိုမျိုး ဖြစ်တတ်ပါသလားခဗျာ ပူရင်အောင့်ပါတယ်ဆရာ ပြန်မတင်လိုက်ရင် သက်သာသွားပါတယ် ဇကာ မထည့်ဘူးထင်တယ်ဆရာ ခွဲစိတ်အထူးကုဆရာဝန်နဲ့သွားပြတော့ အဲယားကွန်းခန်းဆိုတော့ စမ်းသပ်နေတဲ့အချိန် မကျဘူးဖြစ်နေပြန်တယ်ဆရာ အိမ်ပြန်ရောက်တော့ ပြန်အောင့် ပြန်ကျနေတယ်ဆရာ ဘာလုပ်လို့လုပ်ရမှန်းလဲ မသိတော့လို့ပါဆရာ

ဆောရီး အူကျတာ ခွဲပြီး တချို့မှာ ပြန်ဖြစ်တတ်တယ်။ ခွဲစိတ်ဆရာဝန် အားနည်းချက်ကြောင့် ဟုတ်ချင်မှ ဟုတ်မယ်။ ပြန်ခွဲရနိုင်တယ်။

အဲလိုဖြေလိုက်ပြီး ဆရာဝန်ဘက်က ဘက်လိုက်တာမဖြစ်အောင် သုတေသနတွေရှိပြီး ဖြည့်ရေးပါမယ်။

အူကျရောဂါကို ခွဲစိတ်ပြီး ပြန်ဖြစ်တာအတွက် ၂ဝဝ၅ ခုမှာ လုပ်ထားတဲ့ လေ့လာမှုတခုဖတ်ရပါတယ်။ လူနာပေါင်း ၂၄၆၈ ယောက်မှာ ၂၇၇ ယောက်က ခွဲပြီးနောက် အူပြန်ကျတယ်။ လူနာတွေကို ၆ လက နေ ၁၂ နှစ်ကာလအထိ စောင့်ကြည့်ခဲ့ပါတယ်။ ပြန်ဖြစ်နှုန်း ဝ့၂ ကနေ ၁ဝ% ရှိတယ်။

ဘာကြောင့်ပြန်ဖြစ်သလဲ။ မတူကြပါ။ အသက်ကြီးသူတွေ၊ ဝသူတွေ၊ မေ့ဆေးနည်းနဲ့ ခွဲပြီးနောက်ဆက်တွဲဖြစ် မဖြစ်၊ ခွဲရာမှာသုံးတဲ့ကြိုးအမျိုးအစား၊ အိတ်ကကိုဘယ်လိုလုပ်သလဲ၊ ခွဲစိတ်နည်း စတာတွေအပေါ်မူတည်တယ်။

ခွဲပြီးနောက်ဆက်တွဲတွေ (hematoma, edema, postoperative neuralgia, ecchymosis) ဖြစ်တာ ၃% ရှိတယ်။ သူတို့မှာ ပြန်ကျနှုန်း ၄့၎% ရှိတယ်။

Type R1 အမျိုးအစား၊ Type R2 အမျိုးအစားနဲ့ Type R3 အမျိုးအစားလို့ခွဲပါတယ်။ ခွဲစိတ်ဆရာဝန်တွေသာ နားလည်လောက်မဲ့ အသေးစိတ်အချက်အလက်တွေလည်း မထည့်တော့ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး