Waterborne Diseases ရေကတဆင့်ကူးစက်သည့်ရောဂါများ
ဆရာ ကျမက ဝန်ထမ်းအိမ်ရာမှာနေရပါတယ်။ အဝီစိတွင်းရေအကြောင်းကို မေးပါရစေ။ အဝီစိတွင်းနဲ့ မိလ္လာကန်က ၅ ပေလောက်ပဲ ကွာပါတယ်ဆရာ။ အဝီစိရေကို ကျိုချက်ပြီးသောက်ပါတယ်။ ကျိုချက်ပြီးသားရေကို ရေခဲသေတ္တာထဲမှာ ထည့်သောက်တော့ ဗူးထဲမှာ အဖြူရောင်အနှစ်တွေကိုတွေ့ရပါတယ်။ ရေမသန့််လိုလားဆရာ။ သောက်ရတာလဲ စိတ်မသန့်ဘူး။ ဆက်ပြီးသောက်သင့် မသောက်သင့် ပြောပြပေးပါ။ ကျန်းမာရေးအတွက် စိုးရိမ်လို့ပါဆရာ။
အစာကတဆင့် ကူးစက်သည့် ရောဂါများအုပ်စုတွင် ပါဝင်သည်။ ရောဂါရစေသည့်ပိုးမွှားများ၊ အဆိပ်အတောက်များ၊ လူနှင့်မသင့်သော ဓါတ်ပစ္စည်းများပါဝင်နေသည့် မသန့်ရှင်းသောရေကို သောက်သုံးမိ၍ ရစေသောကူးစက်ရောဂါများ ဖြစ်ကြသည်။ ၄င်းပိုးများသည် အစာကတဆင့် ကူးစက်သည့်ရောဂါများ အများဆုံး ဖြစ်စေသည့်ပိုးများနှင့် ကွဲပြားသည်။ ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာန၏ ၁၉၇၂-၂ဝဝဝ စာရင်းအရ အောက်ပါအတိုင်း တွေ့နိုင်ပေသည်။

ပိုးအမျိုးအမည်
|
ရာခိုင်နှုန်း
|
Giardia lamblia
|
35.8%
|
Shigella spp.
|
11.4%
|
Hepatitis A
|
6.3%
|
Noroviruses
|
5.7%
|
Campylobacter jejuni
|
4.5%
|
Cryptosporidium
|
4.2%
|
Samonella, nontyphoidal
|
3.9%
|
Escherichia coli O157-H7
|
2.4%
|
Salmonella Typhi
|
1.3%
|
Vibrio cholerae
|
0.6%
|
Enterotoxigenic Escherichia coli
|
0.3%
|
Yersinia enterocolitica
|
0.3%
|
Rotavirus
|
0.3%
|
Entamoeba histolytica
|
0.3%
|
Plesiomonas shigelloides
|
0.3%
|
Small round virus
|
0.3%
|
Miscellaneous chemicals
|
0.3%
|
Total
|
100%
|
Aquatabs ရေသန့်ဆေးပြားကနေ ဂိုင်ယားဒီးယားဆစ်၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကိုသန့်ရှင်းပေးတယ်လို့ ဆေးစာမှာ ဖတ်ရပါတယ်။ တထုပ်မှာ ၁ဝ ပြားပါတယ်။ ပေါ့ပါးတယ်။ ဆေး ၁ ပြားကနေ ရေအကြည် ဂါလံဝက်၊ ရေအနောက် ၁/၅ ဂါလံကို သန့်ပေးနိုင်တယ်။ ရေနောက်နေရင် အရင်စစ်ပေးပါ။ အနယ်ထိုင်စေပါ။ အဲဒီရေအတွက် ဆေး ၁ ပြား 0.8 quarts လို့လဲ သတ်မှတ်ထားတယ်။ ဒီဆေးပြားဟာ ရိုးရိုးရေရော pre-treated (settled, coagulated and/or filtered) water supplies သူများတွေက သန့်အောင်လုပ်ထားတာကို သေချာစေဘို့အတွက်ပါ လူသောက်ရေအဖြစ်သုံးနိုင်တယ်။ မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ ကျုံးရေ၊ တွင်းရေ၊ လှောင်ရေ အားလုံးအတွက်ဖြစ်တယ်။
ရေအပူချိန် 4°C အထိရတယ်။ မသန့်ဘူးထင်တဲ့ရေကို သန့်တဲ့ထည့်စရာထဲထည့်ပါ။ Aquatabs tablet ဆေး ၁ ပြားကို ရေ 1/5 gallon (0.75 litres) ထဲ ထည့်ပါ။ ၁ဝ မိနစ်ကြာရောမွှေပေးပါ။ ၃ဝ မိနစ်စောင့်ပါ။ 6.5 ppm (6.5 mg/L) chlorine solution ရလာမယ်။ အခန်းတွင်းအပူချိန်ရှိတဲ့ရေ ၂ ကွာတ ကို Aquatabs tablet ၁ ပြားထည့်ပါ။ 2.6ppm (2.6mg/L) chlorine solution ရလာအောင် ၁ဝ မိနစ်ကြာရောမွှေပါ။ ၃ဝ မိနစ်စောင့်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment